ပြည်ပရောက် မြန်မာအလုပ်သမားများ အိမ်ပြန်လာရာတွင် ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်နေဟု စစ်တပ်က ကြေညာပြန် ပြည်ပမှ ခွင့်ဖြင့် ပြန်လာပြီး ပြန်လည်ထွက်ခွင့်မရသော မြန်မာအလုပ်သမားအရေအတွက် ၁၀၀၀ နီးပါးရှိလာ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ (Passport for Job) ကိုင်ဆောင်ထားသော မြန်မာလုပ်သားများ နေရပ်ပြန်လာရာတွင် “ခွင့်ပြန်အလုပ်သမား” အစစ်အမှန်ဖြစ်ကြောင်း သေချာစေရန် စိစစ်မှုများ ပြုလုပ်နေကြောင်း စစ်တပ်လက် အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ မေလ ၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာသည်။ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံပြန်လာမည့် အလုပ်သမားများသည် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ အလုပ်ရှင်ထံမှ ခွင့်စာ (Letter of Permission for Leave) […]