ပန်ဆယ်လို အိမ်ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရ ပိုစ့်တင်ခဲ့တဲ့တပ်ထောက်ခံသူတစ်ဦး သူ့အိမ်ကို စစ်တပ်က ဖျက်လို့ ရူးမတတ်အောင် ခံစားနေရဟုဆို စစ်အာဏာရှင်တော်လှန်ရေးမှာ ရန်ပုံငွေရှာဖွေရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သူ မပန်ဆယ်လို ရဲ့အိမ် ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရပိုစ့် တင်ခဲ့တဲ့ စိမ်းမို့ ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ မကြာသေးခင်ကာလ က သူ့အိမ်ကို စစ်တပ်က ဘူဒိုဇာ နဲ့ထိုးဖျက်သွားတဲ့အတွက် ရူးမတတ်အောင်ခံစားရတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။ စိမ်းမို့ ဆိုတဲ့ ဖေ့ဘုတ်အကောင်ပိုင်ရှင်ဟာ စစ်တပ်အသိုင်းနဲ့ နီးစပ်ပတ်သက်သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ ပိုစ့်တွေလည်းတင်ခဲ့သူဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ စစ်ကောင်စီ တပ်တွေဟာ ရန်ကုန်နဲ့တခြားမြို့တွေက ရပ်ကွက်တွေမှာ ကျူးကျော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်တွေကို ဖျက်စီးဖယ်ရှားနေတာဖြစ်ပါတယ်။ “စစ်ကောင်စီက အခုလိုလုပ်ရပ်တွေဟာ ပြည်သူတွေကို အကြောက်တရားပိုအောင်လုပ်တာ”လို့ ပြည်သူတစ်ဦးက ဝေဖန်ပါတယ်။ အာဏာသိမ်းပြိးနောက်ပိုင်း […]