ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကင်မ်အဲရစ် က မိခင်၏ လက်ရှိအခြေအနေအပေါ် ပြင်းထန်စွာစိုးရိမ်နေကြောင်းနှင့် အသက်ရှင်မှု ရှိ မရှိ အတည်ပြုနိုင်သော “Proof of Life” ကို ပြသရန် တောင်းဆိုလိုက်သည်။ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဒဏ်လျှော့ချပြီး “သတ်မှတ်ထားသော အိမ်တစ်လုံးသို့” ရွှေ့ပြောင်းထားကြောင်း ကြေညာခဲ့ပြီးနောက် Kim Aris သည် ထိုအချက်အလက်များကို ယုံကြည်လက်ခံရန် မဖြစ်နိုင်သေးကြောင်း ပြောကြားသည်။ သူက “ထောင်မှ အခြားနေရာသို့ ရွှေ့ပြောင်းခြင်းသည် လွတ်မြောက်ခြင်း မဟုတ်ပါ။ မိခင်သည် ယခုတိုင် ထိန်းသိမ်းခံထားရသော အခြေအနေတွင်ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပလောကနှင့် ပြတ်တောက်ထားသည်” ဟု ကင်မ်က ပြောသည်။ ထို့အပြင် ထောင်ဒဏ်လျှော့ချခြင်းသည် နှစ်ပေါင်းများစွာ မတရားအကျဉ်းချခံထားရမှုကို မပြောင်းလဲနိုင်ကြောင်း၊ မကြာသေးမီက ထွက်ပေါ်လာသော အချက်အလက်များသည် နိုင်ငံတကာဖိအားကို […]