ဆယ်လီတယောက် ဖြစ်ပြီး ရှားပါးစာရင်းဝင်တဲ့ ပင်လယ်လိပ်ဥကို အားရပါးရ စားပြနေတာကြောင့် MRTV4 မင်းသမီး ဝင့်ယမုံနိုင် တယောက် ဝေဖန်ခံနေရပါတယ်။ ပင်လယ်လိပ်တွေဟာ မျိုးသုဥ်းပျောက်ကွယ်နိုင်တဲ့ အခြေအနေရှိတာကြောင့် ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုအပ်နေကြောင်း ပညာရှင်တွေက အသိပေး နှိုးဆော် ထားပါတယ်။ ဒါပေမယ့် မင်းသမီး ဝင့်ယမုံနိုင်ကတော့ လူမှုကွန်ရက်ပေါ်မှာ ဖော်လိုဝါ တိုးစေဖို့ မြိန်ရည်ယှက်ရည် စားပြခဲ့ပါတယ်။ အဲဒီဗီဒီယိုအောက်မှာလည်း လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။ လိပ်ဥဆိုတာ ထားဝယ်ဖက်မှာ စားသုံးနေကြ ဖြစ်ပေမယ့် ပညာရှင်တွေကတော့ လုံးဝ မစားဖို့ တားမြစ် ထားကြပါတယ်။ ကမ္ဘာနှင့် အဝှမ်းတွင်လည်း ပင်လယ်လိပ်များသည် လူများ၏ ပယောဂကြောင့်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် လွန်ခဲ့ သည့် နှစ်ငါးဆယ်အတွင်းအ လျင်အမြန် လျော့နည်းလာခဲ့ပြီး မျိုးသုဉ်းလုနီးမျိုးစိတ် (Endan-gerd […]