ဖိလစ်ပိုင်တွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောလက်စတေတို့က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ကိုင်စွဲထားပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားတို့က မြန်မာကို အာဆီယံထဲသို့ ပြန်ခေါ်ရန် လိုလားနေ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေကြောင်း စင်ကာပူ The Straits Times က သတင်းဖော်ပြသည်။ မေလ ၆ ရက်နေ့မှ မေလ ၉ ရက်နေ့ အထိ ကျင်းပလျက်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာ့အရေးက အဓိက အကြောင်းအရာ အဖြစ် ပါဝင်နေပြီး မပြေလည်သေးသည့် အကျပ်အတည်းနှင့် ရှေ့မတိုးသာသည့် […]