အရှေ့တီမောတွင် စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားသည့်အမှု ရှေ့ဆက်တိုးနေပြီး တရားစီရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန် တရားရုံးသို့ ရောက်ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တီမော်လက်စတေး ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများဖြင့် တရားစွဲဆိုထားခြင်း၏ နောက်ဆက်တွဲအဖြစ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန်အတွက် ပထမအဆင့် တရားရုံးသို့ တရားဝင် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။ အဆိုပါ အမှု၏ တရားလို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်က ဇန်နဝါရီလတွင် စတင်ခဲ့သည့် အမှုမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကို မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် […]