ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံး ချင်းပြည်နယ်၊ ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့အတွက် စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မေလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဖလမ်းမြို့ကို ထွက်ခွာလာတဲ့ ကားအစီး ၂၀၊ မော်တော်ဆိုင်ကယ် ၁၅၀ ကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖလမ်းမြို့နယ်က စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ “ဖလမ်းမြို့မှာ စစ်အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့အတွက် Non […]