ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝါးခယ်မမြို့ တံတားအဆင်းရှိ ကောင်းထက် ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို မီးလောင်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ မီးလောင်မှု အတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။ “ဘယ်ကနေ စလောင်တာလဲဆိုတာတော့ မသိရသေးဘူး။ လူထိခိုက်မှုတော့မရှိဘူးလို့ သိရတယ်။ ဆီဆိုင် တစ်ဆိုင်လုံးကတော့ မီးလောင်ပြာကျသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။ အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များက ကုန်ကားများပေါ်သို့ ဆီရိုက်တင်နေစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမီးလောင်မှုကြောင့် မော်တော် ၂၂ […]