ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာ မေ ၂ ရက်နေ့ ညနေ ၅ နာရီက ရခိုင်ပြည်နယ်က စစ်ရှောင်လာတဲ့ ရိုဟင်ဂျာ ၅၀ နီးပါးကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ မဘသ ဘုန်းကြီးတွေက ဖမ်းဆီးပြီး ရဲစခန်းကိုပို့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ ညနေ ၅ နာရီ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် နဂါးနီ ၂ လမ်း တိုက်အမှတ် ၄၇ နဲ့ ၄၈ မှာ ရောက်ရှိနေတဲ့ စစ်ရှောင်ရိုဟင်ဂျာတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်ဆေးပြီးနောက် မဘသဘုန်းကြီးတွေကို ခေါ်ကာ ရဲစခန်းကို ပို့ခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။ “ရခိုင်ကနေ စစ်ရှောင်လာတဲ့ ကလေးတွေနေတဲ့တိုက်ကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆယ်အိမ် မှူးတွေက ဝင်စစ်တယ်။ စစ်ဆေးနေရင်း မဘသ […]