ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ၁ ပုံတည်းသည် သက်ရှိထင်ရှားရှိကြောင်း “ခိုင်လုံသည့် သက်သေ ၁ ခု မဟုတ်” ဟု NUG တုံ့ပြန် စစ်အုပ်စု ထုတ်ပြန်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံသည် အချိန်ကာလ အတိအကျ မပါဝင်သဖြင့် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံသည့် သက်သေမဟုတ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်နေအိမ်သို့ ပြောင်းရွှေ့လိုက်ကြောင်း အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်ထားသော မြန်မာ့အသံ (MRTV) က ဧပြီလ ၃၀ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ “အဲဒီ ကျွန်တော်တို့ MRTV က ကြေညာတာကို ကြည့်တဲ့အခါမှာလည်း ဓာတ်ပုံကိုပဲ ဗီဒီယိုပြန်ရိုက်ပြထားတာ ပေါ့နော်။ အဲဒီတော့ […]