Miss Grand တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ် .. လိုက်ကြောင်း ကြေညာ Miss Grand တာချီလိတ် အလှမယ်ရဲ့ မယ်သီလရှင်ဝတ်စုံ သရုပ်ဖော်မှု ဂယက်နဲ့အတူ၊ လူမှုကွန်ရက်ပေါ်မှာ အရင်က ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပြင်းပြင်းထန်ထန် အရေးယူခံခဲ့ရတဲ့ သာဓကတွေကို ပြန်လည်ထောက်ပြကာ ဥပဒေဟာ အားလုံးအတွက် တန်းတူညီမျှ ရှိသင့်ကြောင်း တောင်းဆိုမှုတွေ ပိုမိုမြင့်တက်လာပါတယ်။ ပရိသတ်တွေက ယခင်က ထိရောက်စွာ အရေးယူခံခဲ့ရတဲ့ အောက်ပါ ဖြစ်ရပ် (၃) ခုကို အဓိကထားပြီး ထောက်ပြနေကြတာပါ – အောင်ကိုမိုး (အောင်ဇမ္ဗူ) – မသန်စွမ်းသူတွေကို ထိခိုက်စေတဲ့ ပြက်လုံးထုတ်ခဲ့မိလို့ နောင်လူတွေ ဆင်ခြင်နိုင်အောင် သာဓကပြ အရေးယူခံခဲ့ရသူ။ DJ Violet – […]