Category: News

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်တိုက်ပွဲ ဆက်လက်ပြင်းထန်

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်လျက်ရှိရာ စစ်ဆင်ရေး ၇ ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်​နေကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

    ဒီဇင်ဘာ ၄ရက်နေ့မှစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ဒီဝင်ဘာ ၁၀ ရက်အထိ့တိုက်ပွဲပြင်းထန်​နေသလို မြို့နေရာအတော်များများ၌ မီးလောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

    “ဗန်းမော်မြို့ ပတ်လည် ၅ နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ လေယာဥ်ဗုံးကြဲတာ အိမ်တစ်အိမ်ကို ထိမှန်လို့ မိသားစု တစ်ခုလုံး သေဆုံးသွားတယ်လို့ ကြားရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    တိုက်ပွဲကြောင့် မြို့ခံ​သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြပြီး စစ်မရှောင်နိုင်သည့် ပြည်သူအချို့ ကျန်နေသည်။

    အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “မြို့ပြင် တပ်(စစ်ကောင်စီတပ်)ဘက် တိုက်နေတယ်” ဟု ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲ အခြေအနေကို ပြောပြသည်။

    ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီးကို KIAက ပစ်ခတ်ခဲ့ရာ လေယာဉ်​နောက်ပိုင်း ထိမှန် မီးခိုးအူပြီး မြစ်ကြီးနား လေတပ်သို့ ဆင်းသက်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

    မြစ်ကြီးနားလေတပ်ဆင်းသော YAK-130 တိုက်လေယာဉ်ကို ဗန်းမော်ဘက် ရှေကတန်းရောက် KIA ရဲဘော်များက ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်ရာ နောက်မှီး ထိမှန်ပြိး လေတပ်အတွင်း မီးခိုးအူ ဆင်းသက်သွားသည်ဟု​ရေးသားထားခြင်းဖြစ်သည်။

    YAK-130 တိုက်​လေယာဥ် ကျည်ထိမှန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ် ၂ဦးအား မေးမြန်းရာ တစ်ဦးက ဖြစ်နိုင်သည်ဟု ပြောသည်။

    အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” အဲဒီလို့ပဲကြား။ ဒီနေ့” ဟု လေယာဉ် ကျည်ထိမှန်ဆင်းသက်မှု ဖြစ်စဉ် မေးမြန်းချက်အား ပြောပြသည်။

    KIA အနေဖြင့် ယခုနှစ် ဇန်နဝါရီလ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီးကို ပျက်ကျအောင် ပစ်ချနိုင်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီ ရဟတ်ယာဉ်ကိုလည်း ယခုနှစ် ဇန်နဝါရီတွင် ပစ်ချထားနိုင်ခဲ့သည်။

    ဒီဇင်ဘာ ၉ရက် တိုက်ပွဲတွင် ဗန်းမော် တက္ကသိုလ်နယ်မြေ ရှိ စစ်ကောင်စီ တပ်စွဲရာနေရာကို ထပ်မံ သိမ်းပိုက်ခဲ့ပြီး မိုးမောက်-ဗန်းမော်ကြား ၆မိုင်နေရာမှ ခဲယမ်းများ သိမ်းရခဲ့ကြောင်း၊ KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့တွင်း ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူ၊ လေကြောင်းမှ ထောက်ပံ့မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟုသိရသည်။

    KIA ပူးပေါင်းတပ်သည် မံစီရှိ စစ်ကောင်စီ လက်ကျန်စခန်း အချို့ကိုလည်း ထိုးစစ်ဆင်လျက်ရှိရာ ပိတ်ဆို့ထိန်းချုပ်ထားနိုင်သည့် အခြေအနေဟုလည်း သတင်းရင်းမြစ်က ပြောသည်။ မံစီမြို့ကို ယခုနှစ် မေလကတည်းက KIAက ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း လက်ကျန် စစ်ကောင်စီ တပ်ရင်းများကို ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    (ယခုနှစ် သြဂုတ်လက မိုး​မောက်မြို့နယ်တွင်းတိုက်ပွဲ၌ စစ်တပ် သံချပ်ကာကားကို ​တော်လှန်​ရေးတပ်များသိမ်းပိုက်စဥ်။ ဓါတ်ပုံ-CJ)

  • မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို  ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်

    မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်

    ခမောက်ကြီး၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

    တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာရှိ မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို KTL Army ကော်သူးလေတပ် ဗိုလ်ကြီးစောဗိုလ်ဖဲ ဦးဆောင်သော တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် KTL Army – ကော်သူးလေ တပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “အေးမြသာယာရွာဆိုရင် အကုန်လုံးက ကျွန်တော်တို့တွေ ဒီစစ်ကောင်စီနဲ့ သူတို့တွေ ပူးပေါင်းပြီးတော့ လုပ်ထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ တချို့လုပ်ငန်းတွေမှာ တချို့အလုပ်တွေမှာ ထိုင်းမြန်မာ နယ်စပ်ကနေပြီးတော့ စစ်ကောင်စီက ဗျူဟာမှူးတွေ တပ်ရင်းမှူးတွေက ဥယျာဉ်ခြံတွေ ပေးလုပ်ထားတာ ရှိတယ်။ နောက်ပြီးတာ့ အေးမြသာယာ ရှမ်းကိုးရွာ တစ်ကြောက စစ်ကောင်စီနဲ့ပူးပေါင်းပြီး မြင်းဆေးတွေ ထုတ်၊ မူးယစ်ဆေးဝါးတွေ ထုတ်တဲ့ စက်တွေပါ ရှိတယ်လို့ သတင်းကြားတယ်။ နောက်တစ်ချက်က ဒီအေးမြသာယာ ကျေးရွာမှာပျူစောထီးတွေ ခုနတုန်းက မူးယစ်ဆေးဝါးခေါင်းဆောင်တွေရဲ့ နောက်ဆွယ်တွေက ပျူစောထီးလက်နက်ကိုင် ဒီစစ်ခွေးနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့တွေ တော်လှန်ရေးသမားတွေကို လုံးဝကို မထီမဲ့မြင်ပြုထားတာတွေ ရှိတယ်။ ဒီဘက်တစ်ခြမ်းမှာဆိုလို့ရှိရင် အဲဒီ ရှမ်းကိုးရွာတို့ အေးမြသာယာတို့ဆိုတာ ဒီဘက်ရွာတစ်ကြောက စစ်ခွေးတွေရဲ့ အမာခံရွာတွေ များတယ် ။ နောက် ဒလန်တွေ တအားပေါတယ်။ အဲဒီ ဒလန်တွေက ပျူစောထီးအဖြစ် လက်နက်ကိုင်ပြီး ဝင်ရောက်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကျွန်တော်တို့ သွားပြီးတော့ အဲဒီရွာကို အဲဒီ စခန်းကို သွားတိုက်တဲ့အချိန်ကဆိုရင် ပျူစောထီးနဲ့ စစ်ခွေးနဲ့ဆို အားလုံးပေါင်း ပူးပေါင်းအယောက် ၁၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၂၀၀ ခန့် ထပ်မံ ရောက်ရှိလာပြီး စစ်အင်အားဖြည့်တင်းထားကြောင်း၊ ထို့ပြင် ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

    “အခုလက်ရှိမှာလည်း စစ်ခွေးဘက်ကနေ အင်အား ၂၀၀ လောက် ထပ်ပြီးတော့ ထပ် တက်ထားတာရှိတယ်။ ပျူစောထီးမပါ။ စစ်ခွေးသီးသန့် အင်အား ၂၀၀ ကျော် ထပ်ပြီးတော့ တိုးတက်ထားတာရှိတယ်။ ဒီစစ်ခွေးဘက်ကနေ အပြစ်မဲ့တဲ့ ပြည်သူတွေ ကလေးတွေကို ရွာသား ဒိုင်းအဖြစ်နဲ့ အသုံးပြုတာတွေ ရှိတယ်။ ကျွန်တော်တို့တွေ ဒီ တိုက်ပွဲပြီးသွားပြီးနောက် ၂ ရက်လောက်ကြာမှ သူတို့တွေဆီက သတင်းထုတ်တာရှိတယ်။ သူတို့တွေက ရွာကို ပြန်မတိုးရဲဘဲနဲ့ ဒီ ရွာသားတွေနဲ့ ကလေးတွေကို လူသားဒိုင်းအဖြစ်နဲ့ အသုံးပြုပြီးတော့ အရှေ့ကနေ တိုးခိုင်းတာတွေ ရှိတယ်။ ကျွန်တော်တို့တွေ အဲဒီရွာတိုက်ပွဲပြီးသွားတော့ သူတို့တွေ အဲဒီမှာ ကလေးတွေနဲ့ ရွာသားတွေကို အရှေ့ကနေပြီးတော့ တိုးခိုင်းတာတွေ ရှိတယ် အဲဒီသတင်းတွေလည်း ကျွန်တော်တို့ ကြားနေရတယ်။ ရွာထဲမှာမှာပဲ တပ်စွဲထားတုန်း ပြည်သူတွေကိုတော့ အရှေ့ကနေ လူသားဒိုင်းအဖြစ်နဲ့ အသုံးပြုထားတယ်။ ပြည်သူတွေကို အရှေ့ကနေ တင်ထားတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ခဏတော့ ဆုတ်သွားတယ်။ ဆုတ်သွားပြီးတော့ နောက်ရက်ကျတော့ အနောက်ကနေ ရောက်လာတဲ့ အင်အား ၂၀၀ ကျော်နဲ့ ပြည်သူတွေကို အရှေ့ကနေ ရွာသားတွေကို ပြန်မောင်းသွင်းပြီးတော့ သူတို့ရွာမှာ စခန်းပြန်ပြီးတော့ ချနေတယ်လို့ သတင်းကြားတယ်” ဟု ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

  • စစ်ကြောင်း ၅ ခု ပဲခူးရိုးမအနောက်ခြမ်းရောက်နေ၊ မီးရှို့မှု ခိုးမှုများ ပေါ်ပေါက်

    စစ်ကြောင်း ၅ ခု ပဲခူးရိုးမအနောက်ခြမ်းရောက်နေ၊ မီးရှို့မှု ခိုးမှုများ ပေါ်ပေါက်

    လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ လာသော စစ်သားများ ပဲခူးရိုးမတောင်ခြေတွင် စစ်ကြောင်းထိုးနေသည်၊ ရိုးမပေါ် တက်လာလျှင် တိုက်ပွဲဖြစ်မည်ဟု PDF က ပြောသည်။

    ပဲခူးရိုးမ အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ရောက်ရှိလာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ ရိုးမတောင်ခြေတလျှောက်တွင် လှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

    စစ်ကြောင်း ၅ ခုသည် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ တစ်ဆင့် ပဲခူးရိုးမတောင်ခြေသို့ ချီတက်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောသည်။

    စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၀၀ ခန့် သုံးနေကြောင်း တော်လှန်ရေးတပ်ဘက်က ခန့်မှန်းသည်။

    လတ်တလောတွင် စစ်ကောင်စီတပ်သည် ရိုးမပေါ်သို့ မတက်သေးဘဲ တောင်ခြေရှိ ရွာအချို့မှ နေအိမ်များကို မီးရှို့နေကြောင်း ရဲဘော်ဒူးယားက ပြောသည်။

    “ရိုးမအစပ်တင်ပဲ။ ရိုးမပေါ်ခဏတက်လာပြီး ပြန်ဆင်းပြေးပြန်ရော။ တောင်ခြေရွာတွေကို ပတ်မွှေနေတယ်။ အုတ်ဖိုဘက်မှာဆို ရွာတွေမီးရှို့နေတယ်။ အိမ်တွေထဲက ပစ္စည်းတွေဝင်ခိုးတယ်” ဟု ၎င်းက ဆိုသည်။

    စစ်ကောင်စီတပ် ပဲခူးရိုးမပေါ်တက်လာပါက တိုက်ခိုက်သွားမည်ဟု ဆိုသည်။

    စစ်တပ်က မီးရှို့၊ လုယက်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိပေ။

    စစ်ကောင်စီ၏ ယခင် သတင်းထုတ်ပြန်ချက်တချို့တွင် ထိုလုပ်ရပ်များကို ၎င်းတို့ ကျူးလွန်ခြင်းမရှိဟု ဖော်ပြတတ်သည်။

    ပဲခူးရိုးမကို ခြေကုပ်ယူလာသည့် တော်လှန်ရေးတပ်ဖွဲ့များကို အာဏာသိမ်းတပ်က ထိုဒေသမှ ဖယ်ရှားရန် ကြိုးပမ်းနေရာ တိုက်ပွဲများ မကြာခဏ ပေါ်ပေါက်လာသည်။

    ဩဂုတ်လကလည်း လက်ပံတန်းမြို့နယ်မှ တစ်ဆင့် ပဲခူးရိုးမတောင်ခြေရှိ အုပ်ဖိုစုနှင့် တောင်တန်းမြိုင်ရွာဝန်းကျင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေး အင်အားစုက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

    အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်အရှင်မိ၊ ၂၀ ခန့်သေဆုံးသွားပြီးနောက် ထိုစစ်ကြောင်း နောက်ပြန်ဆုတ်သွားသည်။

    တိုက်ပွဲဖြစ်ပွားမှု သုံးလကြာပြီးနောက်တွင် အင်အားဖြည့်တင်းကာ ဒုတိယအကြိမ် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ရဲဘော်ဒူးယားက ပြောသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာလ ၄ ရက်တွင် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) လက်အောက်ခံ တပ်ခွဲ ၄ မှ တပ်ဖွဲ့ဝင်များသည် အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် စစ်ကောင်စီတပ်မှ ထွက်ခွာလာသော ဆိုင်ကယ်‌လေးစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦး သေဆုံးပြီး MA-3 သေနတ်တစ်လက်နှင့် ကျည်ဆန်အချို့ရကြောင်း ပဲခူးတိုင်းအနောက်ခြမ်းသတင်းများကို ဖော်ပြနေသည့် Tharyarwaddy8City သတင်းဌာနက ၎င်းတို့ တယ်လီဂရမ်တွင်ရေးသားသည်။

    တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်တစ်ဦး သေဆုံးသွားပြီးနောက်တွင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာခြင်းလည်း ဖြစ်သည်။

    ပဲခူးတိုင်းအရှေ့ခြမ်း ရန်ကုန်-မန္တလေးကားလမ်းအရှေ့ဘက် ညောင်လေးပင်မြို့နယ်တွင်မူ ရန်ကုန် -မန္တလေး အမှတ် (၂) လမ်းနှင့် ရထားလမ်းကို ကာထားသော စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၇ ရက်နေ့မှစတင်ကာ စစ်တောင်းမြစ်ဘက်သို့ တိုးလာနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီဇင်ဘာ ၉ ရက်ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

    KNU တပ်မဟာ (၃) လက်အောက်ခံတပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်များသည် ညောင်လေးပင်မြို့နယ် ရေဖြူကန်ရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည်။

    စစ်ကောင်စီစစ်ကြောင်းရှေ့တိုးလာမှုကြောင့် ချုံအင်း ၊ ဂွေးကုန်း ၊ ကောက်မယ်သူ နှင့် ရေဖြူကန်ရွာတို့မှ ဒေသခံ ၂၅၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရသည်။

  • Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

    Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

    Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

    စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) စစ်ဆင်ရေးအဖြစ် Brave Warriors For Myanmar (BWM) နဲ့ Shadow SAF အဖွဲ့တို့ ပူးပေါင်းကာ တာဝေးပစ်ရှော့တိုက်ဒုံး၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းထဲက Y12 လေယာဥ် ၂စင်း အပါအဝင် လေယာဥ်အဆောက်အအုံ ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေတပ်အရာရှိပိုင်းနဲ့ အခြားအဆင့်ရှိ လုံခြုံရေးတပ်သား ၉ယောက်သေကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၅ယောက်ထက်မနည်း ရှိခဲ့တယ်လို့ Urban Special Operation (U.S.O) တာဝန်ရှိသူက ပြောပါတယ်။

    တိုက်ခိုက်မှုအပြီး စစ်ကောင်စီက လေတပ်ဝန်းကျင် ကျေးရွာတွေမှာ လုံခြုံရေးတိုးမြှင့်ထားတာ၊ အရပ်ဝတ်မာဖီတွေနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ ဧည့်စာရင်းဝင်စစ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

    “စကစ အခြေအနေကတော့ အကုန်ပတ်မဲပြီး တွေ့သမျှ ဖမ်းဆီးနေတာပါ။ လေတပ်ဝန်း အနီးအနားရှိတဲ့ ရွာတွေ အကုန်လုံးလိုလိုမှာ ဧည့်စာရင်း​တွေ တောက်လျှောက် စစ်နေတယ်လို့ သတင်းရပါတယ်။ ဒါ့အပြင် ပထမအကြိမ်တုန်းကလိုပဲ သတင်းဖုံးဖို့ သူတို့ကြိုးစားနေကြပါတယ်။” လို့ Urban Special Operation (U.S.O) တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

    စစ်အုပ်စုထောက်ခံတဲ့ မီဒီယာတွေမှာတော့ လေတပ်ဝန်းထဲ ထိခိုက်မှုမရှိဘူးလို့ငြင်း​ဆိုနေကြတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့၊ မနက်ပိုင်းကလည်းမှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O)နဲ့အဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပြီး ဟက်စကီးကွင်းအပါအဝင် တောင်ပိုင်းလေတပ်အရာရှိတွေရဲ့နေအိမ်အဆောက်အုံတွေ ထိခိုက်ပျက်စီးကာ ထိခိုက်သူ ၇ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

    ပုံစာ – စစ်ကောင်စီ လေတပ်စခန်းတစ်ခု (ပုံဟောင်း)

  • အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး

    အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး

    သဲကုန်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်းကို သဲကုန်းမြို့နယ် ပကဖ နှင့် ပေါင်းတည်မြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ရာအိမ်မှူး အေးထွန်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တက်ကြွစွာ ပူးပေါင်းပြီး မမှန်သတင်းပေး တိုင်တန်းခြင်း၊ ပြည်သူများကို မတရားဖမ်းဆီး နှိပ်စက်ခြင်း၊ တော်လှန်ရေးရဲဘော်များကို စောင့်ကြည့် ဖမ်းဆီးခြင်း၊အဓမ္မ စစ်သားစု‌ဆောင်းရေးအကြောင်းပြ၍ မတရားငွေကြေးမျာ းတောင်းယူခြင်း၊ ၎င်းနှင့် အဆင်မပြေသူများကို အကြမ်းဖက် စစ်တပ် အလိုကျ စစ်မှူထမ်း အဖြစ် အဓမ္မ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေပြီး ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရာအိမ်မှူး အေးထွန်းက စစ်ခွေး၊ ရဲခွေးတွေနဲ့ တက်ကြွစွာ ပူးပေါင်းပြီး သူ့ရဲ့ ကိုယ်ကျိုးအတွက် ပြည်သူလူထုအပေါ် နည်းမျိုးစုံ မတရားမှုတွေ ပြုလုပ်‌နေတဲ့သူပါ ပြည်သူတွေ သတင်းပေး တိုင်ကြားချက်တွေလည်း လက်ခံရရှိခဲ့ပါတယ်။ ကျန်တော်တို့ အချိန်ယူစောင့်ကြည့် စုံစမ်းစစ်‌ဆေးချက်များအရ တိုင်ကြားချက်များ မှန်ကန်တဲ့အတွက် သူ့ကို ချက်ခြင်းရပ်တန့်ဖို့ သတိ‌ပေးခဲ့ပါတယ်။ အဲတာကို လိုက်နာခြင်းမရှိဘဲ ဆက်လက် ကျူးလွန်နေတဲ့ အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    သဲကုန်းမြို့နေ ပြည်သူများကို အကြမ်းဖက် စစ်တပ် အလိုကျ မတရားဖိနှိပ်အုပ်ချုပ်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာများ အပါအဝင် ခရီးသွား ပြည်သူများကို စစ်မှူထမ်းအဖြစ် ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးငွေညှစ်ခြင်း လုပ်ရပ်များဖြင့် ပြည်သူ့တော်လှန်ရေးကိုနှောက်ယှက်တားဆီးလျှက်ရှိ‌သော အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် စစ်ကောင်စီ တပ်သားများ အပါအဝင် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများကို အပြစ်ပေးရန် အမြဲစောင့်ကြည့်လျက်ရှိသောကြောင့် မတရားစစ်မှုထမ်း စုဆောင်းခြင်း၊ ငွေကောက်ခံခြင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်း၍ မည်သည့်နည်းလမ်းဖြင့်မဆို ပြည်သူလူထုကို ဒုက္ခပေးခြင်းများ လုံးဝ မပြုလုပ်ရန် သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက သတိပေး ပြောဆိုသည်။