လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတိပြု အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေး ပြင်သစ်နိုင်ငံက ကြိုးပမ်းမည်ဟု ပြင်သစ်နိုင်ငံ၊ ဥရောပနှင့်နိုင်ငံခြားရေးဝန်ကြီး ဂျန်နိုရယ် ဘာရော့ (M. Jean-Noël Barrot) က ကတိပြု ပြောဆိုလိုက်သည်။ မေလ ၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်းနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး M. Jean-Noël Barrotက အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မှတ်သားထားကြောင်း၊ သူမကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ လူထုခေါင်းဆောင် […]