🙄 မော်ဒယ် ပက်ထရစ်ရှာ ဘာဖြစ်နေပြီလဲ? မလေးရှားနိုင်ငံမှာ ကြော်ငြာသွားရိုက်တဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) ဟာ ဟိုတယ်တစ်ခုမှာ ပိတ်လှောင်ခံထားရတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။ ပက်ထရစ်ရှာက မလေးရှားမှာ အခြေစိုက်တဲ့ It’s Mint – The Burmese Entrepreneur အမည်နဲ့ Facebook page ဖွင့်ထားသူ Motivation Speaker တစ်ဦးနဲ့ ကြော်ငြာရိုက်ဖို့ မလေးရှားကို ရောက်ရှိနေတာလို့ ဆိုပါတယ်။ ယနေ့ (မေလ ၉ ရက်) မနက်ပိုင်းမှာ သူမရဲ့ ဆိုရှယ်မီဒီယာပေါ် “ယု.တ်.မာ.လို.က်တာ” လို့ စာသားပို့စ် တင်ခဲ့ရာကနေ ပရိသတ်တွေနဲ့ ရင်းနှီးသူတွေကြား စိုးရိမ်မှုတွေ ရှိလာခဲ့ကြပါတယ်။ ထို့နောက် သူမရဲ့ မိတ်ဆွေတွေနဲ့ ဖုန်းပြောရာမှာ […]