သိပ္ပံပညာရှင်များသည် နှစ်များချီကြာ သုတေသနလေ့လာမှု ပြုလုပ်ပြီးနောက် လူငယ်များတွင် ကင်ဆာအမျိုးအစား ၁၁ ခု ဖြစ်ပွားမှု ဘာကြောင့် တိုးပွားလာနေရသလဲဆိုသည့် ပထမဆုံးသော သဲလွန်စကို တွေ့ရှိခဲ့ကြဖွယ်ရှိသည်။ လူနှစ်ဦးတွင် တဦးနှုန်းသည် ဘဝသက်တမ်းအတွင်း ကင်ဆာရောဂါတခုခု ဖြစ်လာနိုင်ခြေရှိသဖြင့် ရောဂါနှင့်ပတ်သက်သော သုတေသနပြုမှုများက ယခင်ကထက် ပိုပြီး အရေးကြီးလာခဲ့သည်။ အမေရိကန်တွင် နှစ်စဉ် ကင်ဆာရောဂါလူနာသစ် နှစ်သန်းခန့် ရှာဖွေဖော်ထုတ်တွေ့ရှိရပြီး ယင်းသည် နှလုံးရောဂါပြီးလျှင် သေဆုံးမှု အများဆုံး ဒုတိယမြောက် အကြောင်းရင်း ဖြစ်သည်။ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်း၊ ဆေးလိပ်သောက်မှု လျော့ကျလာခြင်းနှင့် ကုသမှုများ တိုးတက်လာခြင်းတို့ကြောင့် ၁၉၉၀ ပြည့်နှစ်များအစောပိုင်းနောက်ပိုင်း ကင်ဆာကြောင့် သေဆုံးမှုနှုန်း အလုံးစုံ ကျဆင်းလာခဲ့သော်ငြား အဘယ်ကြောင့် အချို့သော ကင်ဆာအမျိုးအစားများက လူငယ်များတွင် တိုးပွားလာနေသလဲဆိုသည်ကို သိပ္ပံပညာရှင်များ […]