လစာပိုက်ဆံ မပေးတဲ့ အသက် ၄၉ နှစ်၊ ထိုင်းရိုင်အလုပ်ရှင် သူဌေးကို မြန်မာပြည်သား ၄ ယောက် သတ်သွားပါတယ်။ ဘာလို့ သူဌေးကို သတ်ရတာမေးတော့ စိတ်နာလို့၊ သူတို့ ရသင့်ရထိုက်တာကို မပေးတာ ကြာနေပြီ။ ဒါကြောင့် သီးမခံနိုင်တော့လို့ သတ်ပစ်လိုက်တာတဲ့။ ဒီဖြစ်စဉ်တွေ အစက သူဌေးရဲ့ အလုပ်ရုံက ချင်းမိုင်မြို့မှာပါ၊ မြန်မာ ၄ ယောက်ရဲ့ အတိုကောက်အမည်တွေက၊ နိုင်စိုး၊ နိုင်ရောင်၊ နိုင်ဒမ်းနဲ့ နိုင်ဘော့တို့ဖြစ်ကြတယ်။ (ထိုင်းမှာက ယောက်ျားလေးဆို အရှေ့က နိုင် ထည့်ခေါ်ပါတယ်။) သူတို့4ယောက်ရဲ့ ရစရာ ပိုက်ဆံတွေကို သူဌေးက မပေးတာကြာပီတဲ့။ သွားတောင်းရင်လဲ ပြန်အော်ထုတ် မောင်းလွတ်တယ်။ တခါတလေ မြန်မာ ၄ ဦးက ပိုက်ဆံမရှိလို့ ထမင်းငတ်ခဲ့ရတဲ့ ရက်တွေတောင် […]