အင်္ဂလိပ်ဆေးဝါးများဖြစ်သော ပါရာစီတမောနှင့် ဒိုင်ကလိုဖန်းနက် တို့ကို ခွင့်ပြုချက်မရှိဘဲ ရောနှော ဖော်စပ်ထားသည့် မြန်မာ့တိုင်းရင်းဆေးဝါး ခြောက် မျိုးကို သုံးစွဲရန် မသင့်လျော်ကြောင်း ရွေးတုအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၉ တွင် ထုတ်ပြန်သည်။ ရန်ကုန်မြို့တွင် ထုတ်လုပ်သည့် အဆစ်အမြစ်နာ၊ ဒူးနာ၊ ခါးနာ ပျောက်ဆေးများနှင့် ဆေးမှုန့်များဖြစ်သော ၁။ ကာယသုခ ဆရာကြီးဖိုးဘစံ၊ ၂။ ငွေနတ်သား၊ ၃။ သစ္စာရှင်၊ ၄။ မေတ္တာရှင်၊ ၅။ ရွှေဆေးနှင့် ၆။ ရွှေဟင်္သာ တို့တွင် ပါရာစီတမောနှင့် ခိုင်ကလိုဖန်းနက်များရောနှောထားသည်ကိုတွေ့ရှိပြီး သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်သည်။ အဆိုပါ တိုင်းရင်းဆေးဝါးအချို့သည် မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း အမှန် တကယ် ဖော်စပ်ရာတွင် မှတ်ပုံတင်စဉ်က တင်ပြထားသည့် ဆေးဖော်စပ်နည်းအတိုင်းမဟုတ်ဘဲ အင်္ဂလိပ်ဆေးများကို […]