“မနက်ဖြန်ကျရင် ငါ့သားအတွက် ငွေလွှဲပေးမယ်” ဆိုပြီး စိတ်ကူးထားတဲ့ ဖခင်တစ်ယောက်ရဲ့ မနက်ဖြန်ဟာ ဘယ်တော့မှ ရောက်မလာတော့ပါဘူး။ ထိုင်းနိုင်ငံ၊ ဖတ်သလုန်းခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကတော့ တကယ့်ကို ရင်နာစရာကောင်းလှပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းဟာ ကျောက်ကပ်ရောဂါ ဝေဒနာရှင်တစ်ဦးပါ။ သူဟာ နွားရောင်းလို့ရထားတဲ့ ငွေ ဘတ် ၉ သောင်းကို ဘဏ်ထဲမှာ သိမ်းထားပြီး၊ သူ့ရဲ့သားဖြစ်သူ ဝီရယုဒ် (အသက် ၄၄ နှစ်) ကို မနက်ဖြန် မနက် ကျောက်ကပ်ဆေးသွားတဲ့အခါမှ လွှဲပေးမယ်လို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့် မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေတဲ့ သားမိုက်ကတော့ ယင်းထနေပြီမလို့ အချိန်အဆမရှိခဲ့ပါဘူး။ ချက်ချင်းငွေရဖို့ အတင်းအဓမ္မ တောင်းဆိုရာကနေ စကားများကြပြီး ဖခင်အိုကြီးကို မီးဖိုချောင်ထဲမှာတင် လူမဆန်စွာ ရိုက်နှက်ခဲ့ပါတယ်။ ရောဂါဝေဒနာကြောင့် […]