မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင် ၂၀၁၇ ၁၈ လောက်ကတည်းက ဝယ်သွားတဲ့ဇာတ်လမ်းပါ.. “ဆယ့်နှစ်ကြိုးခင်သုန်” ကို နာမည်ပြောင်းထားတာထင်ပါတယ်။ သူတို့ကို ရောင်းဖူးတာလည်း အဲ့ဒီ တခုတည်းရှိတယ်။ ကျွန်တော့်ကို လာလာမေးနေကြလို့ဖြေရတာပါ။ ပြောရရင် ဒီကာလမှာ အဲ့ဒီဘက်ကို စိတ်လည်းမဝင်စားဘူး။ ပတ်လည်း မပတ်သတ်ချင်ပါဘူး။ ခုချိန်ရိုက်မယ်ဆိုတာမျိုး အကြောင်းကြားတာ၊ အသိပေးတာမျိုးလည်း မရှိပါဘူး။ အသိပေး၊ အကြောင်းကြားလည်း ကျွန်တော့်ဘက်က ဘာမှ လက်ခံပြောဆို ဆက်ဆံနေစရာမရှိပါဘူး။ အချိန်တွေကြာနေပြီး ကျွန်တော့်ဆီလည်း စာချုပ်တောင် လက်ခံမရှိတော့တာမို့ ဘာဘာညာညာလည်း ပြောချင်၊ ငြင်းချင်စိတ်မရှိပါ။ ခုမှ ထရိုက်တာကတော့ ဘာအထာလဲ မိမိလည်း မပြောတတ်။ မင်းသားက ထောင်ကလွတ်လွတ်ချင်းမှာ အီးပါချင်တာနဲ့.. လမ်းဘေးက အိမ်တစ်အိမ်ကို ခိုးဝင်ပြီးအိမ်သာတက်ဖို့လုပ်။ အိမ်ရှင်သမီးလေးကလည်း […]