မက္ကဆီကိုနိုင်ငံ၏ မြို့တော်မက္ကဆီကိုစီးတီးသည် အာကာသမှပင် မြင်တွေ့နိုင်လောက်သည်အထိ စိုးရိမ် ဖွယ်ရာနှုန်းထားဖြင့် လျင်မြန်စွာ နိမ့်ဆင်းနေသည်။ အလွန်အစွမ်းထက်သော NASA ရေဒါစနစ်မှ ရရှိသည့် ပုံရိပ်များအရ တလလျှင် ၀ ဒသမ ၅ လက်မထက် မနည်း နိမ့်ဆင်းနေပြီး၊ မက္ကဆီကိုစီးတီးသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး နိမ့်ဆင်းနေသည့် မြို့တော် တခု ဖြစ်လာနေသည်။ ကမ္ဘာ့အကြီးဆုံး မြို့ကြီးများထဲတွင် ပါဝင်ပြီး၊ လူဦးရေထူထပ်သော မဟာမြို့ကြီးသည် မြင့်မားသည့် ကုန်းမြင့်ပေါ်ရှိ အိုင်တခုကို ဖြတ်သန်းတည်ရှိနေပြီး ရှေးဟောင်းမြေအောက်ရေအောင်း လွှာတခုပေါ် တွင် တည်ရှိနေသည်။ ယင်းရေအောင်းလွှာသည် မြို့နေလူဦးရေ ၂၂ သန်းအတွက် သောက်သုံးရေ ၆၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားသည်။ နှစ်ပေါင်းများစွာအတွင်း ယင်းမြေအောက်ရေအောင်းလွှာမှ ရေများကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ခြင်း ကြောင့် မြေမျက် နှာပြင်မှာ […]