NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားတဲ့ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့ကပေးပို့ပါတယ် ။ နေရာဒေသ နဲ့ အချိန်ကာလကိုဖော်ပြမထားပေမယ့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့PDFတပ်မှူးအချို့ဟာ မြို့ပေါ် လူနေရပ်ကွက် အခုမှာ အရပ်ဝတ်တွေနဲ့ သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်နေကြတာ တွေ့ရပါတယ်။ မိနစ်ဝက်ခန့်သာရှိတဲ့ ရုပ်သံမှာ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက အခု နေရာဟာ ပဲခူးတိုင်းအတွင်း စိုးမိုးထားတဲ့နေရာလို့ ပြောပါတယ်။ “ငါ့အကိုလည်းတောထဲမှာမဟုတ်တော့ဘူး။ ငါ့အကိုလည်း မြို့ပေါ်မှာ […]