ဘီးလင်းတွင် အာဝါဒေးပွဲပြန်လူငယ် ၂၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးကာ တစ်ဦးလျှင် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်းနေ၊ စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများ တိုင်ကြားသော်လည်း အရေးမယူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကျင်းပပြုလုပ်သည့် အာဝါဒေးဖျော်ဖြေရေးပွဲမှ ပြန်လာသော လူငယ် ၂၃ ဦးကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀၀ အထိ ပေးဆောင်ကာ ပြန်လည်ရွေးချယ်ခိုင်းနေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ဧပြီလ ၂၇ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ ညပိုင်းများတွင် ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာနှင့် နှင်းပုလဲကျေးရွာအကြား ပြုလုပ်နေသော အာဝါဒေးဖျော်ဖြေရေးပွဲမှ ပြန်လာသော လူငယ်များကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အသက် ၁၅ […]