မေလ (၉) ရက်မှာ စတင်နိုင်လို့ မြန်မာပြည်သားများ အထူးသတိပြုကြဖို့ မင်္ဂလာပါ မြန်မာ့ရာသီဥတု လေ့လာသူများခင်ဗျာ။ လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာပြည်ကို ဖျက်ဆီးခဲ့တဲ့ မိုခါမုန်တိုင်းရဲ့ နှစ်ပတ်လည် အချိန်အခါမှာပဲ မိုခါဆန်ဆန် ပြင်းထန်တဲ့ “မုန်တိုင်းနှစ်လုံးပြူး” ဖြစ်စဉ်တစ်ခု ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဆရာဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က သုံးသပ်သတိပေးလိုက်ပါတယ်။ 📌 ခန့်မှန်းချက် အနှစ်ချုပ် – မေလ ၆-၇ ရက်: လေဆုံချက် စတင်ပြင်းထန်လာပြီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ စတင်လှည့်ပတ်မယ်။ မေလ ၈-၉ ရက်: မုန်တိုင်းသန္ဓေ စတင်ဖြစ်ပေါ်လာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ မှ ၇၀ ကျော်အထိ […]