နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အချက်အချာကျသော နေရာရှိ ဝန်ကြီးတဦး၏ နေအိမ်တွင် စစ်အုပ်စုက ပြောင်းရွှေ့ထိန်းသိမ်းထားပြီး “ကျန်းမာရေးကောင်းမွန်” သည်ဟု စုံစမ်းသိရသည်။ ဧပြီ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အဆိုပါနေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ခြင်းဟု သတင်းရင်းမြစ်က ပြောသည်။ “အန်တီစုက ကျန်းမာတယ်တဲ့ ။ (အန်တီစု) နေအိမ်ကျယ်ချုပ် နေအိမ်က ဝန်ကြီးတပါးရဲ့နေအိမ်။ အဲ့အိမ်ကို ရွှေ့လိုက်ပြီ။ အဲ့အိမ်မှာထားတယ်တဲ့။ ဝမ်ယိက ဝမ်ယိမပြန်ခင်မှာ အန်တီစုနဲ့ တွေ့သွားတယ်တဲ့” ဟု သတင်းရင်းမြစ်က ပြောသည်။ ထိုစဉ်တွင် ဝမ်ယိက ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်သတင်းကိုသာ ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ ယင်းမှာ နှစ်ဖက်စလုံး၏ […]