ကျူးလွန်သူအား ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရမိ ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာတွင် အသက် (၁၂) နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေးတစ်ဦးအား အမျိုးသားတစ်ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မသင်္ကာဖွယ်ရာ ကိစ္စရပ်အား စတင်သိရှိခဲ့သူမှာ ကျူးလွန်ခံရသူ၏ မိခင်ဖြစ်သူ ဒေါ်ဇင်ဇင်မော် ဖြစ်သည်။ သမီးဖြစ်သူမှာ ဓမ္မတာ နှစ်လခန့် ပြတ်တောက်နေသဖြင့် မိခင်ဖြစ်သူမှ မသင်္ကာဖြစ်ကာ အဒေါ်ဖြစ်သူ၏ နေအိမ်တွင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။ မိခင်ဖြစ်သူမှ သမီးအား မေးမြန်းရာတွင် တစ်ရွာတည်းနေ ဦးလေးဝမ်းကွဲတော်စပ်သူ လင်းနိုင်ဦး (၄၀နှစ်) မှ နေအိမ်တွင် လူမရှိခိုက် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျူးလွန်ခံရသူ […]