ရှမ်းပြည်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ဆိုင်ပိုင်ရှင်၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဖြစ်စဉ်မှာ ယမန်နေ့ မေ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း လာရောက် စားသောက်သည့် ဧည့်သည်တစ်ဦးမှ ပေးအပ်သည့် မုန့်ဖိုးနှင့် ပတ်သက်၍ ဝန်ထမ်းအမျိုးသမီးက ကြိုတင်အသိပေးခြင်း မရှိဟုဆိုကာ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) Peter ကထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယင်းရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်မှာ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ “ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာ အများအပြား တွေ့ရတယ်။ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက် […]