အာဆီယံထိပ်သီးအစည်းအဝေး(၄၈ ကြိမ်မြောက်)အတွက် အာဆီယံခေါင်းဆောင်များ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ စုဝေးကြစဉ် မြန်မာတွင် စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်သည်။ အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း ကြီးထွားလာနေသော နိုင်ငံတကာ၏ တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင်ရန် APHR က တိုက်တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တပ်ခ်တို့နှင့်အတူ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံ အပါအဝင် အစိုးရအသီးသီးကလည်း တောင်းဆိုထားကြသည်။ ထိပ်သီးအစည်းအဝေး မစတင်မီ လေးရက်အလို ဧပြီ ၃၀ ရက်နေ့တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်နေအိမ်တခုသို့ စစ်အုပ်စုက ပြောင်းရွှေ့လိုက်ခြင်းမှာ ထိုတောင်းဆိုချက်များကို ဖြည့်ဆည်းပေးရာ […]