တောင်ကြီးတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဘားပိုင်ရှင် ထွက်ပြေး လွတ်မြောက်နေ ရှမ်းပြည်မြိုတော်၊ တောင်ကြီးမြိုတွင် လူသတ်မှု ကျူးလွန်ခဲ့သည့် ပီတာဘားပိုင်ရှင် ဖြစ်သူ ကိုပီတာ(ခေါ်) အောင်မျိုးသူမှာ ယနေ့ (ဧပြီ ၆) အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်ဟု သေဆုံးသူနှင့် နီးစပ်သူများက ပြောသည်။ တောင်ကြီးမြို၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ၎င်းပိုင်ဆိုင်သည့် ဘား၌ အမျိုးသမီး လိင်ဖျော်ဖြေရေး ဝန်ထမ်းတစ်ဦးအား တရားလွန်ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ပီတာဘားဆိုင်သို မကြာခဏ သွားရောက်လေ့ရှိသူ တစ်ဦးက “ဧည့်သည် မုန့်ဖိုးပေးခဲ့တာကို သူ့လာမအပ်လို့ဆိုပြီး ရိုက်တယ်လို့ ကြားတယ်။ ရိုက်ရင်း လက်လွန်သွားတာပေါ့။ ကလေးမလေးကလည်း အသက်မပြည့်သေးဘူး။ အဲ့ရက်ကမှ ရောက်လာတာ။ သူလည်း ထိပ်ဆုံးရက်ဆိုတော့ ပိုက်ဆံပြန်အပ်ရမှာ […]