မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်သော် လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့်သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြကြောင်း အပြစ်တင်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ မင်းအောင်လှိုင်က ၎င်းတို့ အစိုးရသည် ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်ကြောင်း ၊ သို့ရာတွင် အချို့သောနိုင်ငံများက ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို […]