စားဝတ်နေရေးကျပ်တည်းမှုကြောင့် စုဗူးတက်ယူစဉ် အသက်ပေးလိုက်ရခြင်းဖြစ် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ မေ ၆ ရက်နေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်းရှိ စုဗူးကို ပြန်လည်ဝင်ရောက်ယူဆောင်သည့် အိမ်ရှင်အမျိုးသားတစ်ဦး မီးလောင် သေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သာကေတမြို့နယ်၊ ထူပါရုံ (၁) ရပ်ကွက်၊ ထူပါရုံ (၄) လမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၃ နာရီ ၁၃ မိနစ်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၇ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ “အိမ်ရှင်ဆုံးတာပါ။ စုဗူးကျန်ခဲ့လို့ တက်ယူတာလို့တော့ ကြားတယ်။ အိမ်ပေါ်တက်ရှာတော့ သွပ်ပြား အောက်မှာ ရုပ်အလောင်းကို ပြန်တွေ့တယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။ […]