အစ္စလာမ်ဘာသာရေးအရ ၉ နှစ်အရွယ် မိန်းကလေးတွေကိုလည်း လက်ထပ်လို့ရကြောင်း ပြောကြားခဲ့တဲ့ ဘာသာရေးဆရာကို နိုင်ငံထဲကနေ ချက်ချင်း နှင်ထုတ်ပစ်ခဲ့တဲ့ အီတလီအစိုးရ အီတလီနိုင်ငံမှာ နေထိုင်နေတဲ့ ပါကစ္စတန်နွယ်ဖွား အစ္စလာမ်ဘာသာရေးဆရာ (Imam) တစ်ဦးဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ “အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တွေကို လက်ထပ်တာဟာ ပြဿနာမရှိဘူး” လို့ လူသိရှင်ကြား ကာကွယ်ပြောဆိုခဲ့တာကြောင့် အီတလီအစိုးရက ချက်ချင်းဆိုသလို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ **ဘာတွေဖြစ်ခဲ့တာလဲ?** အသက် ၃၅ နှစ်အရွယ် **Ali Kashif** ဟာ အီတလီနိုင်ငံ၊ Brescia မြို့မှာ နေထိုင်နေသူဖြစ်ပြီး *Rete 4* ရုပ်သံလိုင်းရဲ့ *Fuori dal Coro* ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ သူက “အပျိုဖော်ဝင်ပြီဆိုရင် အသက် ၉ […]