ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး လူမှုကွန်ရက်အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားရာမှ အပြန်အလှန် ဓားဖြင့်ထိုးခုတ်ကြသဖြင့် နှစ်ဦးစလုံး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့သည်။ ဧပြီလ ၃၀ ရက်၊ မွန်းလွဲပိုင်းတွင် ဖုတ်ဖရမြို့နယ်၊ ချောင်ခဲပ်ကျေးရွာရှိ နေအိမ်တစ်လုံး၏ မီးဖိုဆောင်အတွင်း ရုပ်အလောင်းနှစ်ခု တွေ့ရှိရကြောင်း သတင်းအရ ဖုတ်ဖရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အနုဆွန် ဒန်ကောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။ အခင်းဖြစ်နေရာတွင် အသက် ၃၁ နှစ်အရွယ် မနုနုဝေမှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေပြီး၊ ၎င်း၏အနီးတွင် ခင်ပွန်းဖြစ်သူ အသက် ၄၁ နှစ်အရွယ် ကိုဇော်လေးမှာလည်း ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ ၇ ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ထိုင်းသတင်းဌာန North […]