နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီကနေ့(မေလ ၂ ရက်) နေ့လယ် ၁နာရီခွဲခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြားက ကျေးရွာချင်းဆက်လမ်း မြေကျွံပြီး ဝါးတွေတင်လာတဲ့ ခြောက်ဘီးကား ချောက်ထဲကျခဲ့တာလို့ ဆိုပါတယ်။ “စတာယာရင်း ကွေ့တာမနိုင်တော့ဘဲ ကားကချောက်ထဲ ကျသွားတာ။ဖြစ်စဥ်နေရာမှာပဲ ၁၆ဦးက သေသွားတယ်။အားလုံးက ဝါးခုတ်တောင်သူတွေပါပဲ။မိုးစွေ၊လွင်သာယာနဲ့ မင်းတောင်ကျေးရွာခံတွေ”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူက ပြောပါတယ်။ ကားမှောက်မှုဖြစ်စဥ်မှာ ကားပေါ်လိုက်ပါသူ ၃၈ဦးအနက် အမျိုးသား ၉ဦး၊ အမျိုးသမီး ၇ဦး စုစုပေါင်း ၁၆ဦး သေဆုံးခဲ့ပြီး အမျိုးသား ၈ဦး၊ အမျိုးသမီး ၁၃ ဦးဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ဝန်းကျင်ကလည်း မွန်ပြည်နယ်၊သထုံမြို့နယ်မှာ ယာဥ်တိုက်မှု ဖြစ်ပြီးသံဃာ ရှစ်ပါး အပါအဝင် ၁၂ […]