ဖုံးထားတဲ့ အကြွေးကိစ္စတွေပေါ်လာတဲ့ မန္တလေး လွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှ ကိုယ်စားလှယ်လောင်း ဦးဝင်းဖေမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – USDP) သည် ကြွေးမြီမကင်းရှင်းဘဲ တရားရုံးတွင် အမှုရင်ဆိုင်နေရသဖြင့် အရည်အချင်း ပျက်ယွင်းကြောင်း ခိုင်လုံသည့် သက်သေခံအထောက်အထားများဖြင့် ကန့်ကွက်ခဲ့သော်လည်း နေပြည်တော်အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အဆိုပါကန့်ကွက်မှုကို ပယ်ချလိုက်ကြောင်း သိရသည်။ ကြံ့ခိုင်ရေးပါတီ (USDP) မှ ကိုယ်စားလှယ်လောင်း ဦးဝင်းဖေမောင်သည် ဧရာဝတီဘဏ်နှင့် CB Bank တို့တွင် မော်တော်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်၍ ကျန်ရှိနေသော ချေးငွေအရင်းနှင့် အတိုးပေါင်း သိန်းထောင်ချီကို ပေးဆပ်ရန် ပျက်ကွက်ခဲ့သဖြင့် မဟာအောင်မြေခရိုင်တရားရုံးတွင် တရားမမှုအမှတ် ၁၁၃၃ (၂၀၂၂ ခုနှစ်) နှင့် အမှတ် […]