Category: News

  • နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့  ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲအေးဂျင့် ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ်

    နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲအေးဂျင့် ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ်

    နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲအေးဂျင့် ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ်

    နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲလုပ်ငန်း ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ်ထားကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

    ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် အလုပ်သမားများအကြား ပြည်ပအလုပ် အကိုင်အတွက် စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားများအနေဖြင့် ဝင်ငွေ၏ ၂၅ ရာခိုင် နှုန်းကို ပြည်တွင်းသို့ မဖြစ်မနေ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲ ပြောင်း ရန် ထည့်သွင်းချုပ်ဆိုထားကြောင်း၊ အဆိုပါစာချုပ် ချုပ်ဆိုထားမှုကို အကောင်အထည်ဖော်ရန်အတွက် စစ်ကောင်စီက ငွေလွှဲအေးဂျင့် ၁၆ ခုကို လိုင်စင်ပေး၍ သက်ဆိုင်ရာ နိုင်ငံများသို့ စေလွှတ်ထားကြောင်း သိရှိရသည်။

    စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ငွေများပြန်လွှဲရန်အတွက် အေးဂျင့်လိုင်စင်များချထားပေးရာတွင်

    ၁- Ok Zune ကုမ္ပဏီ က စင်ကာပူအေးဂျင့်လိုင်စင်
    ၂-2C2P Plus (Myanmar) ကုမ္ပဏီက ထိုင်းနိုင်ငံအေးဂျင့်လိုင်စင်
    ၃-Wakhema Trading ကုမ္ပဏီက စင်ကာပူအေးဂျင့်လိုင်စင်
    ၄-Top Shine General ကုမ္ပဏီက စင်ကာပူနှင့်ဩစတြေးလျလိုင်စင်
    ၅-City Express Myanmar ကုမ္ပဏီက ဂျပန်နှင့် မလေးရှား လိုင်စင်
    ၆- Money King ကုမ္ပဏီက မလေးရှားနှင့်စင်ကာပူလိုင်စင်
    ၇-Theikdi Win Trading ကုမ္ပဏီက စင်ကာပူလိုင်စင်
    ၈-Hla Hla Pa Pa ကုမ္ပဏီက စင်ကာပူလိုင်စင်
    ၉-Union FX ကုမ္ပဏီက စင်ကာပူလိုင်စင်
    ၁၀- Mahar Bawga Remittance ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်
    ၁၁-True Money Myanmar ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်
    ၁၂-Royal Aung Moe Myint ကုမ္ပဏီက တရုတ်လိုင်စင်
    ၁၃- Saythawon Engineering ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်
    ၁၄-Supermyan Remittance ကုမ္ပဏီက ထိုင်းနိုင်ငံလိုင်စင်
    ၁၅-1-2-1 Public ကုမ္ပဏီက တောင်ကိုရီးယားလိုင်စင်
    ၁၆-Dazzling Ray ကုမ္ပဏီက မလေးရှားလိုင်စင် အသီးသီးချထားပေးကြောင်း သိရှိရသည်။

    ထို့ပြင် စစ်ကောင်စီက ထပ်မံ၍ ပြည်ပရောက် မြန်မာအလုပ်သမားများထံမှပြည်ပတွင်းသို့ လွှဲငွေများ ကောက်ယူရန် အေးဂျင့်လိုင်စင်များ ထပ်မံချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

    “မြန်မာအလုပ်သမားတွေအနေနဲ့ စစ်တပ်က လိုင်စင်ချထားပေးတဲ့ အေးဂျင့်တွေကနေတစ်ဆင့် ပြည်တွင်းကို ငွေလွှဲမယ်ဆိုရင် အဲဒီငွေတွေက စစ်ကောင်စီဆီကို တိုက်ရိုက်ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် ငွေလွှဲမယ်ဆိုရင် စစ်တပ်က လိုင်စင်ချထားပေးတဲ့ အေးဂျင့်တွေကနေ မလွှဲဖို့ သတိထားသင့်တယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ ပြည်တွင်းကို ငွေလွှဲတာမှာ ပုဂ္ဂလိကဘဏ်တွေက မလွှဲဘဲ ငွေလွှဲအေးဂျင့်တွေကပဲ လွှဲနေလို့ အခုလို အေးဂျင့်ငွေလွှဲလိုင်စင်တွေကို စစ်တပ်က တိတ်ဆိတ်ချထားပေးပြီး အဲဒီနိုင်ငံတွေကိုစေလွှတ်နေတာဖြစ်ပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ ဖရဲသီးသတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ထံတွင် နိုင်ငံခြားငွေ လိုအပ်ချက်များပြားနေ၍ ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ နိုင်ငံခြားငွေများ ရရှိရေး မဖြစ်မနေ ကောက်ယူရန် အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများကို ဖိအားပေး ညွှန်ကြားထားကြောင်း သိရှိရသည်။

  • တရုတ်နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့်လက်မှတ် DKBA ထုတ်ပေး

    တရုတ်နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့်လက်မှတ် DKBA ထုတ်ပေး

    ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းလာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့်လက်မှတ် DKBA ထုတ်ပေး

    ကျားဖြန့်လုပ်ငန်းလာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများလက်နက်ကိုဆောင်ခွင့်ကို ဗိုလ်အေဝမ်းလက်အောက်ခံ DKBA ရုံးမှထုတ်ပေးလျှက်ရှိသည်ဟု ဒေသသတင်းများအရသိရှိရသည်။

    လက်နက်ကိုင်ဆောင်ခွင့်လက်မှတ်ကို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိုသာမက အခြားဒေသခံများကိုလည်း DKBA မှထုတ်ပေးလျှက်ရှိသည်။

    ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို လုံခြုံရေးအရဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၃ သိန်းရယူကာ လက်နက်ကိုင်ဆောင်ခွင့်ကို DKBA မှခွင့်ပြုထားခြင်းဖြစ်သည်။

    သေနတ်ကိုင်ချင်ရင် DKBA မှာ ၃ သိန်းပေးပြီးကိုဆောင်ခွင့်တောင်းရတယ် လက်မှတ်မရှိပဲကိုင်ရင် ဖမ်းတယ်ဟု ဒေသခံတစ်ဦးကဆိုသည်။

    ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအားလက်နက်ကိုင်ဆောင်ခွင့်ပြုထားသော်လည်း ဘုရားသုံးဒေသအတွင်းရှိ KNU/KNLA/PC တပ်ဖွဲ့ဝင်များအားလက်နက်ကိုင်ဆောင်ခွင့်ကို DKBA မှတားမြစ်ထားသည်။

    PC အဖွဲ့ဝင်တွေကိုလက်နက်ကိုင်ခွင့်မပေးတဲ့အပြင် PC အနေနဲ့လည်းရပ်တည်ခွင့်မပေးဘူး လက်နက်ကိုင်ချင်ရင် DKBA ထဲဝင် ဒါမှမဟုတ်ရင် KNU ထဲဝင်ဆိုပြီး ဗိုလ်အေဝမ်းက ဖိအားပေးလို့ ဘုရားသုံးဆူဒေသက PC အဖွဲ့ဝင်တော်တော်များများ DKBA ထဲဝင်သွားကြတယ်ဟု ဒေသခံတစ်ဦးကပြောသည်။

    ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအားလက်နက်ကိုင်ဆောင်ခွင့်ပြုထားသော်လည်း ဘုရားဩံးဆူမြို့အတွင်းလက်နက်ကိုင်ဆောင်ခြင်းမပြုရန် DKBA အဖွဲဝင်များအား ဗိုလ်အေဝမ်းမှတားမြစ်ထားသည်။

    လက်ရှိတွင် ဘုရားသုံးဆူမြို့၏လုံခြုံရေးကိုတာဝန်ယူထားသည်ဟု ဘုရားသုံးဆူ ဒေအတွင်းရှိကုန်သွယ်မှုလုပ်ငန်း၊လောင်းကစားဝိုင်းများ၊ရွှေကုက္ကိုမှ ပြောင်းရွှေ့လာသည့် ကျားဖြန့်လုပ်ငန်းများထံမှ ငွေကြေးကောက်ခံလျှက်ရှိသည်။

    ထိုင်း နယ်စပ်ဝင်ပေါက်ထွက်ပေါက် ကိုလည်း ဗိုလ်အေဝမ်းကိုင်ထားတယ် သူ့ကို ပိုက်ဆံပေးပြီးမှ ကုန်ကားတွေဖြတ်လို့ရတယ် တချို့ကုန်ဆိုမပေးသွင်းဘူး လိုချင်ရင် သူဆီက ပဲဝယ်ရမယ်ဆိုပြီး သူတစ်ယောက်ထဲပဲသွင်းတယ် အခြားသူတွေကိုမပေးသွင်းဘူး ဟု ကုန်သည်တစ်ဦးကဆိုသည်။

    လစ်ပိုနဲ့ပဲနိုဘူးတွေသွင်းလို့မရဘူး DKBA က ပေးမသွင်းဘူး သူတို့ပဲသွင်းတယ် လိုချင်ရင်သုတို့ဆီက ပြန်ဝယ်ရတယ် ဟု ၎င်းကုန်သည်က ဆက်လက်ပြောကြားသည်။

    ရွှေကုက္ကို မှ ‌ပြောင်းရွေ့လာသောကျားဖြန်လုပ်ငန်းများထံမှ ဗိုလ်အေဝမ်းက ပိုက်ဆံရယူကာ လုံခြုံရေးဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဒေသခံများထံမှသိရှိရသည်။

    ဘုရားသုံးဆူဒေသသို့ရောက်ရှိလာသည့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို DKBA မှ ဗိုလ်အေဝမ်းမှ အခကြေးငွေရယူကာ အကာအကွယ်ပေးထားပြီး ရရှိသည့် အခကြေးငွေများကို နစက လက်အောက်ခံစစ်တပ်၊ KNU နှင့် မွန်ပြည်သစ်ပါတီတို့အား ခွဲဝေပေးလျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။

    ရွှေက္ကိုမြို့သစ်မှဘုရားသုံးဆူသို့ရွှေပြောင်းမည့် တရုတ်လူမျိုးများကို DKBA တပ်ဖွဲ့မှ အခကြေးငွေရယူကာ ပို့ဆောင်ပေးလျှက်ရှိသည်ဟု ဘုရားသုံးဆူဒေသခံများထံမှသိရှိရသည်။

    လက်ရှိဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည်ဟုယူဆရသော တရုတ်လူမျိုး ၅ ထောင်ခန့်ရောက်ရှိနေထိုင်လျှက်ရှိပြီး ၎င်းတို့ကို DKBA မှအခကြေးငွေရယူကာ အကာကွယ်ပေးထားသည်ဟု ဒေသခံများထံမှသိရှိရသည်။

    တရုတ်လူမျိုးများရောက်ရှိလာပြီးနောက် ဘုရားသုံးဆူဒေသတွင် ကေတီဗီ၊မာဆတ်၊တရုတ်စာတန်းထိုးစားသောက်ဆိုင်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများပိုများလာသည်ဟု ဒေသခံများထံမှသိရှိရသည်။

    ဘုရားသုံးဆူဒေသတွင် မွန်နှင့်ကရင်တိုင်းရင်း သားအများစုနေထိုက်လျှက်ရှိကြသည်။

  • ပခုက္ကူနယ်က ပျူစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်

    စစ်အုပ်စု လေကြောင်းပစ်ကူလို့ ဒေသခံ ၃၀၀၀ ခန့် စစ်ဘေးရှောင်နေရ

    မကွေးတိုင်း ပခုက္ကူနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာလ ၁၁ ရက် ဒီကနေ့ မ နက်မှာ စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စခန်းတစ်ခုလုံး အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်းက စပြီး ပခုက္ကူနယ်နဲ့ မြိုင်နယ်အစပ်က ပျူစောထီးစခန်းတစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စု အထိနာပြီး အသေအပျောက်တွေ ရှိသလို အရှင် ဖမ်းဆီးရမိတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    “စခန်းကတော့ လုံးလုံးသိမ်းလို့ ပြီးခဲ့တယ်ဗျ ”လို့ ‌ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သတ်ပြီး တိုက်ပွဲထဲမှာပါတဲ့ ‌တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းပစ်ကူပေးသလို ကမ္မမြို့ ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ရေလာကြီး ကျေးရွာက ပြည်သူသုံးဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရရှိခဲ့သလို အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ခန့်လည်း ဘေး‌လွတ်ရာက်ကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “လေယာဉ်လာပစ်တုန်းကတည်းက ရှောင်နေရတာ။ စစ်ရှောင်‌ရတာကတော့ တောတွေထဲနေရတာ ပဲစင်း ငုံခင်း တို့ ဇီးပင်အောက်တို့မှာ နေရတာ ။ တဲလည်းမရှိဘူး”လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုပျူ စောထီးစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေချိန်မှာ စစ်အုပ်စုက Mi35 နဲ့ လေကြောင်း ပစ်ကူ ပေးခဲ့သလို ပခုက္ကူတပ်မ ၁၀၁ ကနေလည်း စစ်ကူအင်အား ၂၀၀ ခန့်က စစ်ကြောင်းနှစ်ကြောင်းခွဲ‌ထိုးလာတယ်လို့ ပြောပါတယ်။

    လက်ရှိမှာ တော်လှန်ရေးတပ်တွေနဲ့စစ်အုပ်စုစစ်ကြောင်းတို့ တိုက်ပွဲ ထပ်မံဖြစ်ပွား‌နိုင်တာကြောင့် ဒေသခံပြည်သူ တွေအနေနဲ့ ကျေးရွာတွေကို မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။

  • ရွှေတောင်မြို့နယ်၊ ဘုရားသုံးဆူပွဲတော်သို့ လာရောက်သည့် လူငယ် ၁၇ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

    ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ဘုရားသုံးဆူပွဲတော်သို့ လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စပြီး ရွှေတောင်မြို့နယ်တွင် ကျင်းပနေသည့် ဘုရားသုံးဆူပွဲတော်ကို လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိသားစုဝင်များက ငွေဖြင့် လိုက်လံ ရွေးထုတ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိတော့ကြောင်း သိရသည်။

    “ရွှေတောင်မြို့နယ်က ဘုရားသုံးဆူပွဲတော်ကို လာရောက်တဲ့ ပြည်သူ ၁၇ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဘုရားပွဲ ၂ ရက်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၁၇ ဦး ပါသွားပါပြီ ဘုရားပွဲ အသွားအပြန်ကို စောင့်ပြီး ဖမ်းနေတာ နေအိမ်တွေကို ဝင်ဆွဲတာတွေလည်း ရှိနေပါတယ်။ စစ်ခွေးတွေက လူငယ်တိုင်း စစ်မှု မထမ်းမနေရထမ်းရမယ်ပြောပြီး လိုက်ထုတ်တဲ့ မိသားစုတွေကို ပြောတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

  • စစ်ရှုံးနေသည့် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်မည်

    စစ်တပ်ပြိုကွဲပျက်စီးနေ၍ မင်းအောင်လှိုင်ကို လဲလှယ်ရန် အမျိုးသားရေးသမားများနှင့်စစ်တပ်ထောက်ခံသူများအကြား တောင်းဆိုနေ

    မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရှုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ တက်ရောက်မည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

    ပြင်ဦးလွင်တွင် DSTA ခေါ် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ ပြုလုပ်ရန် ရှိနေပြီး မူလအစီအစဉ်တွင် မင်းအောင်လှိုင် တက်ရောက်မည်ဟု အစီအစဉ်ရေးဆွဲထားကြောင်း၊ အဆိုပါ ကျောင်းဆင်းပွဲအတွက် လုံခြုံရေး အကြို လေ့ကျင့်ခြင်းနှင့် ကျောင်းဆင်းပွဲ အကြိုလေ့ကျင့်ခြင်းများကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “DSTAကျောင်းဆင်းပွဲကို တပ်ချုပ်တက်မယ်။ လုံခြုံရေးတွေလည်း အထူးတင်းကျပ်ထားပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

    ရခိုင်ပြည်၊ ကချင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးတွင် အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် စစ်ရှုံးမှုများ ကြုံတွေ့နေရသော်လည်း အမျိုးသားအားကစားပွဲတော်ကျင်းပခြင်း၊ ပွဲလမ်းအခမ်းအနားတွင် ခပ်ပြုံးပြုံးဖြင့် အေးအေးလူလူ တက်ရောက်နေခြင်းတို့ကြောင့် စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေးအစွန်းရောက်များအကြား မင်းအောင်လှိုင်ကို အခြားတိုက်ရည်ခိုက်ရည်ကောင်းမွန်သော စစ်ခေါင်းဆောင် တစ်ဦးဖြင့် အမြန်ဆုံး လဲလှယ်ရန် တောင်းဆိုမှုများ ဆက်တိုက် ထွက်ပေါ်လျက်ရှိသည်။

    စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းက လက်ရှိ စစ်တပ်က တစ်နိုင်ငံလုံး ကြုံတွေ့နေရသော စစ်ရှုံးမှုများနှင့် စစ်တပ် ပျက်စီးနေခြင်းမှာ စစ်ခေါင်းဆောင်တွင် တာဝန်အပြည့်ရှိကြောင်း၊ အာဏာထိန်းသည်ဟုဆိုကာ အာဏာရယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ယမန်နေ့ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

    “တပ်မတော်တစ်ရပ်အနေနဲ့ အရမ်းကို ရှက်ဖို့ကောင်းပါတယ်။ အဘအနေနဲ့ အာဏာထိန်းခဲ့တာ အဘမှာ တာဝန်အပြည့်ရှိပါတယ်။ နခခ ၅ ကျသွားပြီ။ ကျနော် နားတော့မှာပါ။ မယုံရင်ကြည့်နေပါ အမ်းလည်း နောက်၂ ရက်၊ ၃ ရက်နေရင် ကျမှာပါ။ ကျမှာ ကြိမ်းသေတယ်။ ဖလမ်း။ ကျနော်တို့ ကြိုပြီးတော့ အော်ခဲ့တဲ့နေရာတွေအားလုံးက အထက်လူကြီးတွေများ သိကောင်းလေရဲ့လား၊ သိလေရဲ့လား။ ဒီအချိန်ကာလမျိုးမှာ တပ်မတော်က ပေးဆပ်ရတာများသွားပြီ။ တိုင်းပြည်အတွက် နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ဘာဆက်လုပ်ပေးမှာလဲ။ ကျဆုံးသွားတဲ့စစ်သည်တွေအတွက်ထားလိုက်တော့။ အာဏာထိန်းတာနဲ့ အဘက်ဘက်က ပျက်စီးသွားတဲ့တိုင်းပြည်အတွက် ဘာလုပ်ပေးမှာလဲ။ ဘာလုပ်ပေးမှာလဲ သိချင်တယ်” ဟု စစ်လော်ဘီ ဇော်ဘုန်းဟိန်းက ပြောဆိုသည်။

    အမျိုးသားရေးအစွန်းရောက် မပုတုကလည်း လက်ရှိ အခြေအနေများမှာ စစ်ခေါင်း ဆောင်၏ ပျော့ညံ့မှုကြောင့် ဖြစ်ကြောင်း၊ ကြောက်နေတာလား၊ ခြောက်နေတာလားဟု မေးခွန်းထုတ်သည်။

    “ဂုဏ်သိက္ခာ နဲ့ အရှက်တရားဆိုတာ ဘာလဲလို့ မေးရတော့မှာ။ မေးပေးဦး၊ ကြောက်နေတာလား၊ ခြောက်နေတာလား လို့” ဟု တယ်လီဂရမ်လူမှုကွန်ရက်တွင် အမျိုးသားရေးအစွန်းရောက် မပုတုက ရေးသားထားသည်။

    ရခိုင်ပြည်၊ မောင်တောတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ခေါင်းဆောင် သူရိန်ထွန်းကို မြေကြီးပေါ်တွင် လက်ပြန်ကြိုးတုပ်၍ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် မြင်ကွင်းသည် တပ်ထောက်ခံသူများအတွက် အလွန် ဆိုးရွားသော မြင်ကွင်းဖြစ်ကြောင်း၊ တပ်ချုပ်ဆိုသည့်သူမှာ အေးရာအေးကြောင်း ပွဲတက် မပြတ်၍ အလွန်ညံ့ဖျင်းသော စစ်ခေါင်းဆောင်ဖြစ်ကြောင်း အမျိုးသားရေးအစွန်းရောက်တစ်ဦးက ဆိုသည်။

    “မြင်ရတာ တကယ်ပါကွာ မြန်မာ့တပ်မတော်မှဟုတ်သေးရဲ့လားကွာ။ ခေတ်အဆက်ဆက် သူပုန်တွေကိုအသေတိုက်လာခဲ့သမျှ ဦးနေ၀င်း၊ ဦးသန်းရွှေ နော်ခေတ်အဆက်ဆက်ပဲ ။ အခုဟာကြီးကကွာ တော်တော်ကိုကြည့်ရဆိုးတယ်။ ကိုယ့်တပ်မတော်သားတွေကို အဲ့လိုမြင်ကွင်းမျိုးမြင်ရတာ ကာချုပ်မဟုတ်တဲ့ငါတောင်မှ ရခိုင်တပြည်လုံးကိုပြာချပစ်ချင်နေပြီ။ ကာချုပ်ကတော့အေးရာအေးကြောင်းပဲလား။ ဘာလဲတော့မပြောတတ်ဘူး။ သူ့အကြောင်းလဲ ဒီလောက်မသိဘူး။ ငါသိတာတစ်ခုကတော့ ဒီစစ်ခေါင်းဆောင်ဟာသမိုင်းမှာအညံ့ဆုံး အဖျင်းဆုံး ခေါင်းဆောင်အဖြစ်ကျန်ရစ်တော့မှာကိုပဲ” ဟု အမျိုးသားရေးအစွန်း ရောက် စစ်တပ်ထောက်ခံသော “စစ်သတင်း” အမည်ရ တယ်လီဂရန်ချန်နယ်က သုံးသပ်ရေးသားထားသည်။

    ထို့ပြင် စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ် Admin တစ်ဦးကလည်း မင်းအောင်လှိုင်သည် ပွဲတက်၍ လက်အောက် ငယ်သားများကို ပြန်လမ်း မရှိသည့် သေလမ်းကို လျှောက်ခိုင်းနေကြောင်း ပြောဆိုထားသည်။

    “ဘုရင့်နောင်ဟာ တစ်ဖက်ကမ်းကရန်သူကိုတိုက်ဖို သူ့လူတွေကိုဖောင်ဖျက်ခိုင်းတဲ့အချိန်မှာ သူကိုယ်တိုင်လည်း ဒီဖက်ကမ်းမှာ ကျန်ခဲ့တာမဟုတ် ဘူး ။ဘုရင့်နောင်ဖောင်ဖျက်ဆိုတဲ့စိတ်ဓာတ်ပေါ်ပေါက်လာရခြင်းရဲ့အရင်းခံက ဘုရင့်နောင်ဆိုတဲ့ခေါင်းဆောင်ကိုယ်တိုင်ကြောင့်ပဲ ။ သူကိုယ်တိုင်က ပွဲလမ်းသဘင်တွေကျင်းပပြီး သူ့လူတွေကို ပြန်လမ်းမရှိတဲ့လမ်းကိုလျှောက်ခိုင်းမှာမဟုတ်ဘူး” ဟု စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ် Admin တစ်ဦးက ဆိုသည်။

    ယခုဒီဇင်ဘာလအတွင်း ရခိုင်ပြည်တွင် မောင်တောမြို့နယ်တစ်ခုလုံးကို လက် လွှတ်လိုက်ရပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်ခေါင်းဆောင်များ ဖမ်း ဆီးခံရခြင်း၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပိတ်ဆို့ တိုက်ခိုက်ခံနေရခြင်း၊ ကချင်ပြည်နယ်တွင် ဗန်းမော်နှင့်မံစီမြို့တို့ကို KIA က တိုက်ခိုက်သိမ်းပိုက်နေခြင်းတို့ကြောင့် မင်းအောင်လှိုင်ကို ရသည့်နည်းဖြင့် ဖယ်ရှားရန် တောင်းဆိုမှုများ တပ်အသိုင်းအဝိုင်းနှင့် မဘသအမျိုးသားရေး အသိုင်းအ၀ိုင်းတွင် ဆက် တိုက် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ဒီဇင်ဘာလ ၉ ရက်နေ့ အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ကို ဖွင့်လှစ်စဉ် အလံဝှေ့ရမ်း ပျော်မြူးနေသည့် မင်းအောင်လှိုင်နှင့် ကြူကြူလှ။