ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို Tip (မုန့်ဖိုး) ရသည့်ကိစ္စ မပြောပြသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် နောင်တရသဖြင့် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။ “ဒီနေ့ပဲ တောင်ကြီးကို ပို့မယ်ကြားတယ်။ အမှုက တောင်ကြီးမှာ ဖြစ်တာဆိုတော့ အဲဒီကိုပဲ ပြန်ပို့မှာပါ” ဟု တုံတာရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အောင်မျိုးသူ (ခ) ပီတာသည် မေလ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ၎င်းဖွင့်လှစ်ထားသည့် “Peter” ဘားနှင့် စားသောက်ဆိုင်တွင် […]