ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းမှ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးဟုဆို ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ပြီးခဲ့သည့် ဧပြီလမှစတင်၍ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်ဟု ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်းဖော်ပြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ ဧပြီလအစောပိုင်းမှစ၍ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေ ဆုံးသူ ၆၀ ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ပင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စဲ့ရင်းမြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ ကရင် ပြည် နယ်၊ ဖာပွန်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကာ […]