Category: News

  • တောင်ကုတ် စကခ ကျသွားပြီဖြစ်၍ ပြည်ဒကစအတွင်း ပွက်လောရိုက်နေပြီး ယတြာချေရန်ပြင်ဆင်

    တောင်ကုတ် စကခ ကျသွားပြီဖြစ်၍ ပြည်ဒကစအတွင်း ပွက်လောရိုက်နေပြီး ယတြာချေရန်ပြင်ဆင်

    ပြည်ဒကစအတွင်း စစ်ရေးပြင်ဆင်မှုနှင့် ယတြာချေရန် ပွက်လောရိုက်နေမှုများမှာ တောင်ကုတ် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) ကျသွားပြီးနောက် ပို၍လှုပ်လှုပ်ခတ်ခတ်ဖြစ်လာကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝငိဘာ ၂၄ ရက်နေ့က တောင်ကုတ်မြို့ကို AA ကသိမ်းပိုက်လိုက်ကြောင်း ကြေညာပြီးနောက် ပြည်မြို့တွင် စစ်ရေးပြင်ဆင်မှုများ အပြင်းအထန်ပြု လုပ်လာသည်။

    ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက တောင်ကုတ်ရှိ တပ်ရင်းနှစ်ခုအပါအဝင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ကအတည်ပြုပြီးနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) (ပြည်-ဒကစ)ထံ စစ်ရေးမကူးစက်လာရေးအတွက် အထက် အဆင့်ဆင့် ညှိနှိုင်းယတြာချေရန် ပြုလုပ်နေကြကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

    “တပ်ချုပ်ကိုယ်တိုင်လာပြီး ယတြာချေမယ်ပြောတယ်။ ပြည်ဝင်၊ ပြည်ထွက်ဆိုပြီး ဒကစမကျဖို့ ယတြာလုပ်မယ်တဲ့။ စစ်ရေးပိုင်းကိုလည်း အင်အားတိုးချဲ့နေတယ်။ AA က ဘယ်ဆီနေမယ်မသိဘူး။ ပြည်ဒကစကတော့ တော်တော်တုန်လှုပ်နေပြီ”ဟု တပ် သတင်းရင်းမြစ်က ပြောသည်။

    တောင်ကုတ်တပ်ရင်းနှစ်ခု ဝင်ရောက်တိုက်ခိုက်ခံနေရသည့် နိုဝင်ဘာနောက်ဆုံးပတ်က ပြည်မြို့၊ မင်းကြီး တောင်ပေါ်တွင် လက်နက်ကြီးများ တပ်ဆင်ရန်နှင့် ရဟတ်ယာဉ်ဆင်းနိုင်သည့် ကွင်းပြုလုပ်ရန် မြေဖို့ရှင်း လင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

    စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ်များ၊ ဒေသဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များ၊ စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်များ တော်လှန် ရေးတပ်ဖွဲ့များက သိမ်းပိုက်မည့်အခြေ အနေသို့ ရောက်ရှိနေချိန်များတွင် အဆိုပါဒေသများ၌ ယတြာချေခြင်းများကို အစဉ်တစိုက်ပြုလုပ်ခဲ့သည်။

    စစ်ကောင်စီသည် ရှမ်းမြောက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) (လောက်ကိုင်-ဒကစ) ကို ဝင်ရောက်သိမ်း ဆည်းခံရစဉ်ကလည်း မျောက်သုံးကောင်ပုံကို ဇောက်ထိုးထား၍ ယတြာချေထား သည်ကို တွေ့ရသည်။

    ထို့အပြင် ရှမ်းမြောက်တစ်ခုလုံး စစ်ရေးပြင်းထန်နေချိန်တွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးစီးပြီး မျောက်အရှင် သုံးကောင်ကို နာရီနှင့်ချီပြီး ဇောက်ထိုးဆွဲကာ တောထဲသို့ လွှတ်ပေးသည့် ယတြာနှင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး စစ်ကောင်စီလက်အောက်တွင် ငြိမ်ဝပ်ပိပြားစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းအတွင်း၌ ဥဩ ၁၄ ကောင်ကို စေလွှတ်သည့် ယတြာလည်းပြုလုပ်ခဲ့သည်။

    ယခုပြည်ဒကစသို့ စစ်ရေးမကူးစက်လာမှုမရှိစေရေး အတွက် ပြည်ဝင်၊ပြည်ထွက်ယတြာကို စစ်ခေါင်း ဆောင်ကိုယ်တိုင် လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

    လက်ရှိ AA လက်ထဲသို့ ကျရောက်သွားသည့် တောင်ကုတ်မြို့နယ်သည် ပြည်မြို့နှင့် ၁၁၄ မိုင်ခန့်ကွာဝေးပြီး ပြည်မြို့မှ ဧရာဝတီမြစ်ကူးကာ ပန်းတောင်းနှင့် ဥသျှစ်ပင်မြို့များကို ဖြတ်ကာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအထိပါ သွားရောက်နိုင်သည်။

    ယခုစစ်ရေးပြင်ဆင်နေသည့် မင်းကြီးတောင်သည် ဧရာဝတီမြစ်ကမ်းအနီး နဝဒေးတံတားထိပ်နှင့် သင်္ဘောဆိပ်တို့ဆုံရာ အမြင့်တနေရာဖြစ်ပြီး တပ်လိုင်းခန်း၊ စရဖရုံးနှင့် အသံလွှင့်ရုံများပါ တည်ရှိနေ သည့် စစ်တပ်၏အရေးပါသည့် ဗျူဟာကုန်းတစ်ခုဖြစ် ကြောင်း သိရသည်။

  • ကတိုင်တိစခန်း မကျရေးအတွက် တပ်အင်အားများပို့ဆောင်ဖြည့်တင်း

    ကတိုင်တိစခန်း မကျရေးအတွက် တပ်အင်အားများပို့ဆောင်ဖြည့်တင်း

    စစ်ကောင်စီတပ်သားပါရှိသည့်ကား ၃၀ စီး အုန်းတောဘက်သို့ကူးပြီး ကတိုင်တိစခန်း မကျရေးအတွက် တပ်အင်အားများပို့ဆောင်ဖြည့်တင်း၊ BGF တပ်များလည်းဆက်ရှိနေ

    ကရင်ပြည်နယ် ဖာပွန်ခရိုင်က ကမမောင်း-ဖာပွန်ကားလမ်း ကတိုင်တိတွင်အခြေစိုက်သည့်စစ်ကောင်စီ တပ်စခန်းမကျရေးအတွက် စစ်ကူတပ်အင်အားအများမပြားပို့ဆောင်ဖြည့်တင်းနေတယ်လို့ KNLA သတင်းရင်းမြစ်ထံမှသိရှိရသည်။

    KNU အမှတ် ၅ တပ်မဟာ မူတြော်ခရိုင် ဒွဲ့လိုးမြို့နယ်တွင်ရှိသည့် အဆိုပါတပ်စခန်းမကျရေးအတွက် စစ်ကောင်စီဘက်မှစစ်ကူပို့ဆောင်လျှက်ရှိနေပြီး ယမန်နေ့ နေ့လယ်တွင် စစ်ကူတပ်အင်အားတစ်ဖွဲ့ ထပ်မံရောက်ရှိနေတယ်လို့ ယမန်နေ့တွင် ကတိုင်တိမှစစ်ရှောင်တစ်ဦးထံမှသိရှိရသည်။

    ၎င်းစစ်ရှောင်က “စစ်ကောင်စီတပ်အင်အားအချို့ရောက်ရှိနေပြီး ဒီဇင်ဘာလ၁၅ရက်နေ့လယ်လောက်မှာ တစ်ဖွဲ့ထပ်ရောက်တာရှိတယ်။ ဒါ့အပြင်ကတိုင်တိဒေသခံတချို့လည်း တိမ်းရှောင်ကြတယ်။ တချို့လည်း ကျန်နေသေးတယ်” လို့ဆိုပါတယ်။

    ဒါ့အပြင် ဒီဇင်ဘာ၁၅ရက်နေ့တွင် ဘားအံမှမြိုင်ကြီးငူသို့ စစ်ကောင်တပ်သားများတင်ဆောင်လာသည့်ကား ၃၀စီးရှိပြီး အုန်းတောဘက်သို့ကူးကာ ကတိုင်တိစစ်ကူတက်သွားတယ် လို့အထက်ပါ KNLA သတင်းရင်း မြစ်ကဆိုပါတယ်။

    ကတိုင်တိတွင် စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ဗိုလ်ကျော်ဝင်းဦးဆောင်သည့် အမှတ်၁၀၁၃ BGF တပ်စခန်းတစ်ခုအခြေစိုက်တပ်စွဲထားသည်။

    ဖာပွန်ခရိုင်ရှိစစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ တစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်ပေမဲ့ ကတိုင်တိရှိ BGF တပ်စခန်းသည် ယနေ့အချိန်ထိတပ်စခန်းစွန့်ခွာသွားခြင်းမရှိဘဲ ဆက်လက်တပ်စွဲထား လျှက်ရှိသည်။ တပ်စခန်းမှစွန့်ခွာဖို့ တော်လှန်ရေးတပ်ဖွဲ့များမှ သတိပေးထားတာရှိသည်ဟု BGFတပ်ဖွဲ့နဲ့ နီးစပ်သူထံမှသိရှိရသည်။

    “စစ်ကောင်စီတပ်ကိုလာတိုက်တဲ့အချိန်မှာ သူတို့ (BGF) ထွက်ခွာမယ်လို့ပြောတာရှိတယ်။ ဒါပေမဲ့ သူတို့ (BGF) ကိုယုံလို့မရဘူး။ သူတို့ကအပြောနဲ့အလုပ်က မကိုက်ညီတာများပြီး စစ်ကောင်စီအလုပ်ကို လုပ်နေကြတယ်” လို့ KNLA တပ်မှူးတစ်ဦးကပြောပါတယ်။

    လက်ရှိတွင် ကတိုင်တိမှာ BGF အမှတ် ၁၀၁၄ဗိုလ်မောင်ချစ်လက်အောက်ခံတပ်ဖွဲ့နဲ့ အမှတ်၁၀၁၃ဗိုလ်ကျော်ဝင်းလက်အောက်ခံတပ်ဖွဲ့များအခြေစိုက်တပ်စွဲထားတာရှိတယ်လို့ KNLA သတင်းရင်းမြစ်ကဆိုပါတယ်။

  • ကျားဖျန်တွေကို လိုက်လံဖမ်းဆီးနေပြီး စစ်ကောင်စီနဲ့ ပြည်သူစစ်လည်း ပစ်ခတ်မှုဖြစ်ပွါးနေ

    ကျားဖျန်တွေကို လိုက်လံဖမ်းဆီးနေပြီး စစ်ကောင်စီနဲ့ ပြည်သူစစ်လည်း ပစ်ခတ်မှုဖြစ်ပွါးနေ

    မူဆယ်မှာ စစ်ကောင်စီနဲ့ ရဲတွေက ကျားဖျန်တွေကို လိုက်လံဖမ်းဆီးနေပြီး စစ်ကောင်စီနဲ့ ပြည်သူစစ်လည်း ပစ်ခတ်မှုဖြစ်ပွါးနေ

    ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတွေက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန်) လုပ်ကိုင်သူတွေကို လိုက်လံဖမ်းဆီးပြီး စစ်ကောင်စီနဲ့ ပြည်သူစစ်လည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

    ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် ၂ နာရီဝန်းကျင်မှာ မူဆယ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတွေက ကျားဖျန်လုပ်ကိုင်တဲ့ ကုမ္မဏီတွေကို လိုက်လံဖမ်းဆီးနေပြီး မူဆယ်မြို့ မန်ဝိန်းဂိတ်ဘက်မှာလည်း စစ်ကောင်စီနဲ့ ကျားဖျန်စောင့်ပေးနေတဲ့ ပြည်သူစစ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရှိသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

    “အခုပစ်နေတာ။ ဖူလီလိုက်ကုန်းကနေ မြင်နေရတယ်။ အခုထိပစ်နေတုန်းပဲ။ ဒီနေ့လည်း ရဲတွေက ကျားဖျန်တွေ ဖမ်းနေကြတာ အများကြီးပဲ”

    စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ကျားဖျန်လုပ်ကိုင်သူ လူဦးရေ အရေအတွက်ကို အတိအကျမသိရသေးသလို ဘယ်လိုလုပ်ဆောင်သွားမှာဆိုတာကိုလည်း မသိရ‌သေးပါဘူး။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်မှာ မူဆယ်မြို့ မင်္ဂလာမူဆယ်ရဲ့ ၉ ထပ်တိုက်မှာရှိတဲ့ ကျားဖြန် လုပ်ကိုင်နေသူတွေကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၃၂၃ ဦးနဲ့ မြန်မာနိုင်ငံသား ၅၅၇ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

    မူဆယ်မြို့မှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းအပြင် တရားမဝင် လောင်းကစားဝိုင်းနဲ့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ ပေါများပြီး လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှုနဲ့ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

    အခုလို ဖမ်းစီးတာတွေဟာလည်း တရုတ်ဘက်က ဖိအားပေးမှုကြောင့် လုပ်နေကြဖြစ်တဲ့ ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်ပြီး မူဆယ်မှာ ကျားဖြန်ရုံအများအပြား စစ်ကောင်စီတပ်ဖွဲ့တွေကိုယ်တိုင်က ပါဝင်ပတ်သက်နေတယ်လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ သတင်းအရင်းမြစ်တစ်ဦးက ပြောဆိုထားပါတယ်။

  • KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်

    KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်

    KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး ကုန်ကားများ စတင်ဝင်ထွက်

    စစ်ကောင်စီ အသုံးပြုခဲ့သော ဝါစိမ်းနီအလံနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တံ ဆိပ်၊ စာသားမျာ အားလုံး ဖယ်ရှားထား

    ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ် နယ် စပ် ဂိတ်ကို တရုတ်နှင့် KIA နှစ်ဖက်စလုံးက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန် ကားများ စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါ လွယ်ဂျယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံး အတား အဆီးများကို ဖယ်ရှားလိုက်ကြောင်း၊ လက်ရှိတွင် ကုန်ကားများ ပုံမှန်အတိုင်း စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

    KIO ၏ တရားဝင်ပြန်ကြားရေး The Kachin Net ကလည်း လွယ်ဂျယ် နယ် စပ် ဂိတ်တရားဝင်ပြန်လည်ဖွင့်လှစ်ကြောင်း ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။

    “ကုန်ကားတွေ အဝင်အထွက် ပုံမှန် ပြန်လုပ်နေပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ဂိတ်တွင် စစ်ကောင်စီတပ်က အသုံးပြုခဲ့သော နိုင်ငံတော်အလံ၊ တံဆိပ်နှင့် ပြည်ထောင်စုသမ္မတ မြန် မာ နိုင်ငံတော် ဆိုသော စာသားများအားလုံးကို ဖယ်ရှားထားပြီး KIO တံဆိပ်နှင့် အလံကိုသာ မြင်တွေ့ရကြောင်း သိရှိရသည်။

    KIA က ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်နေချိန် တရုတ်နိုင်ငံက ပိတ်ပင်ထားသော နယ်စပ်ဂိတ်များအားလုံးကို ယခုဒီဇင် ဘာလ ၁၃ ရက်နေ့မှစတင်၍ တစ်ခုပြီး တစ်ခု ပြန်လည်ဖွင့်လှစ်လာနေခြင်းဖြစ်သည်။

  • ခရီးသွားကားတွေကိုတားပြီး ပေါ်တာဆွဲလေ့ရှိတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

    ခရီးသွားကားတွေကိုတားပြီး ပေါ်တာဆွဲလေ့ရှိတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

    ခရီးသွားလူငယ်တွေကို ဖမ်းပြီး စစ်သင်တန်းကျောင်းပို့နေတဲ့ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တ‌လေးအမြန်လမ်း မိုင်တိုင် ၃၁၉ က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၂ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် Fixed Wings Drone နဲ့ပါ ဗုံးကြဲချခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

    စစ်သားနဲ့ရဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ၁ နာရီကြာပစ်ခတ်ခဲ့ပြီး Fixed Wings Drone နဲ့ ဗုံး ၅ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

    အဲ့ဒီ့စစ်ဆေးရေးဂိတ်မှာ မိတ္ထိလာဘက်က စစ်သားနဲ့ ရဲတွေဖြစ်ကာ ခရီးသွားကားတွေပေါ်က ကားစပယ်ယာတွေအပါအဝင် လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေကို ပို့နေတာလို့ Natogyi PDF တပ်ရင်းဗိုလ်ကြီးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလကနေ အခုလ ဒီဇင်ဘာအထိ ဖမ်းဆီးခံရတဲ့ လူငယ်ပေါင်း အယောက် ၃၀ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

    တိုက်ခတ်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကြာဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်စာရင်း မသိရသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၄ ဦး ကျည်ရှပ်ထိကာ မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရခဲ့ပေမယ့် ပြန်လည်သက်သာလာနေပြီလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။