ရန်ကုန်မြို့အတွင်း ယနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းတွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အချို့ရှိ လမ်းမကြီးများပေါ်၌ သစ်ပင်နှင့် သစ်ကိုင်းအများအပြား လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့ခံများထံမှ သိရသည်။ ယနေ့ နေ့လယ်ပိုင်း လေပြင်းတိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၉၀) ရပ်ကွက်၊ ပုဏ္ဏမီလမ်းမပေါ်တွင် သစ်ပင်လဲကျခဲ့သလို၊ ရန်ကင်းမြို့နယ် (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းနှင့် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကျောက်လမ်းတို့တွင်လည်း သစ်ပင်များ ပြိုလဲကျခဲ့ ကြောင်း သိရသည်။ ထို့ပြင် ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာရှေ့နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်း အိမ်ရာရှေ့တို့တွင်လည်း သစ်ကိုင်းများ ကျိုးကျမှုများ ရှိခဲ့သည်။ “ရန်ကုန်မှာ မိုးရွာပြီ။ လေပြင်းတွေတိုက်ပြီးတော့ မိုးအများကြီးတော့ မရွာဘူး။ အပူနည်းနည်း သက်သာသွားတယ်” […]