မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရလို့ အူတွေထွက် ခေါင်းတွေကြေကာ ဆုံးသွား မြို့နေရာက ကျန်ထပူလီမြို့မှာ ယမန်နေ့ (မေ ၅ ရက်) ည ၇ နာရီလောက်က ဖြစ်သွားခဲ့တာပါ။ အသက် ၄၀ အရွယ်ရှိ မနုဆိုတဲ့ အမကြီးဟာ ခြံအလုပ်သမားတစ်ဦး ဖြစ်ပြီး ခြံထဲမှာပဲ နေထိုင်ပါတယ်။ ဒူးရင်း၊ လန်းရိုင်ပင်တွေ ခြံမှာစိုက်ထားပြီး မနုက ဝက်တွေကို ကြည့်ရတဲ့ အလုပ်လုပ်ရတယ်။ မနုနေတဲ့ တောင်ယာအိမ်ခြံဟာ တောနဲ့နီးပြီး နှစ်စဉ်နှစ်တိုင်း တောဆင်တွေက တောင်ပေါ်ကနေ ဆင်းလာကာ အသီးတွေ လာရှာစားလေ့ ရှိပါတယ်။ ည ၇ နာရီလောက်မှာ မနုဟာ တောဆင်ရဲ့ နင်းသတ်သွားတာကို ခံရပြီး သူမနေထိုင်ရာ တဲထဲမှာပဲ ဆုံးပါးသွားရပါတယ်။ တာဝန်ရှိသူတွေ စစ်ဆေး ပြောပြချက်အရ မနု […]