Category: News

  • အမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၃၀၀ကျော်AA ထံလက်နက်ချ

    အမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၃၀၀ကျော်AA ထံလက်နက်ချ

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ မြို့သိမ်းတိုက်ပွဲနှင့် တပ်ရင်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား၃၀၀ကျော်အာရက္ခတပ်တော် (AA ) ထံလက်နက်ချအညံ့ခဲ့ကြောင်းသတင်းရရှိသည်။

    AA ၏အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နပခမှအပသိမ်းဆည်းရမိသည့်စခန်းပေါင်းမှာ ၃၀ကျော်ရှိပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်သား၃၀၀ကျော်လက်နက်ချခဲ့သည်ဟု AA စစ်ရေးသတင်းရင်းမြစ်တစ်ခုကအတည်ပြုပြောဆိုသည်။

    “နပခဌာနချုပ်ထဲမှာမှကွက်ကွက်လေးပဲကျန်တော့တာ။ရှေ့ကတိုက်ပွဲတွေမှာလက်နက်ချတာ အနည်းဆုံးအယောက်၃၀၀ကျော်လောက်ရှိတယ်”ဟုပြောသည်။

    စစ်ရေးရှုံးနိမ့်မှုများနေသည့်အတွက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာလည်းလက်ချ/မချနှင့်ပတ်သက်ပြီးစစ်ကောင်စီတပ်အတွင်း သဘောထားကွဲလွဲမှုများလည်းရှိနေကြောင်းအမည်မဖော်လိုသည့်စစ်တပ်မိသားစုဝင်တစ်ဦးကနိရဉ္စရာကိုပြောသည်။

    “တပ်ထဲမှာလည်းခေါင်းဆောင်ပိုင်းအားနည်းတာကြောင့်ရော၊အထိနာနေတာကြောင့်ရောအဆင်မပြေမှုတွေရှိတယ်။အချင်းချင်းကြားလက်နက်ချမယ်။မချဘူးတွေနဲ့ကွဲလွဲမှုတွေရှိနေကြတယ်လို့သိရတယ်။အခုတော့ကသောင်းကနင်းတွေနဲ့ဖြစ်နေကြတယ်။အဆက်အသွယ်လည်းမနေ့ကတည်းကမရတော့ဘူး” လို့ပြောသည်။

    လက်ရှိမှာနပခဌာနချုပ်အတွင်းကနေရာအများစုကိုအေအေကသိမ်းပိုက်ထားပြီးအပြန်အလှန်ပစ်ခတ်သံများကိုမနေ့ကထိကြားနေခဲ့ရသည်ဟုအမ်းဒေသခံအမျိုးသားတစ်ဦးကပြောသည်။

    “နပခဌာနချုပ်အထဲကတော်တော်များများသိမ်းထားပြီလို့သိရတယ်။ စစ်ကောင်စီကတော့နပခအနီးတဝန်းကိုဗုံးကြဲနေတယ်။မနေ့ညကတည်းကပဲ”ဟုပြောသည်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ဗျူဟာဌာနချုပ်များ၊ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့၌ တပ်စွဲစခန်းချ၊ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ကိုသိမ်းပိုက်ထားပြီးနောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက်ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟုဒီဇင်ဘာလ၆ရက်တွင် AA ကထုတ်ပြန်ထားသည်။

    ယင်းအပြင်အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့်တပ်မ (၈၈) လက်အောက်ခံ၊အင်အား(၁၃၀) ခန့် ပါနည်းဗျူဟာတစ်ခုအား ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီးအလောင်းစုစုပေါင်း(၁၀၀) ကျော်၊လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟုထုတ်ပြန်ထားသည်။

    ပုံစာ- AA ထံ လက်နချခဲ့ကြသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ် (ပုံဟောင်းသာ)/ ULA/AA

  • အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်

    အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်

    အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

    ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။

    နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ အထိ အုတ်တွင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်နှင့် မြို့‌တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ် တို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း ရဲတပ်ကြပ် ၁ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား ၄ ဦးပြင်းထန်ဒဏ်ရာရကာ လက်ရှိချိန်တွင် နေပြည်တော်ကို ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

    တိုက်ခိုက်မှု အတွင်း ပြည်သူများနှင့် စစ်ရေးပစ်မှတ် မဟုတ်သော ဝန်ထမ်း မိသားစုဝင်များ ထိခိုက်မှုမရှိစေရန် သတိကြီးစွာ ဆောင်ရွက်ခဲ့ပြီး ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် အနီးကပ်၍ အထူးသတိပြု နေထိုင်ကြရန် အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း၊ Delta One Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ အောက်တိုဘာ ၇ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ မြို့စိုးတံတားပေါ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို တိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့နှင့် တပ်ရင်း(၃၅၀၂) Deltaone drone forceတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကောင်း သိရှိရသည်။

  • စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည်

    မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည်

    မြို့များနှင့်တိုင်းစစ်ဌာနချုပ်များ လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင် ယခုဒီဇင်ဘာလအတွင်း ပွဲများနှင့် အခမ်းအနား ၅ ခုထက်မနည်းကို ဆက်တိုက် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ၇၇ နှစ်မြောက် ရေတပ် နှစ်ပတ်လည်ပွဲ တက်ရောက်မည်ဖြစ်ပြီး ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။

    ထို့ပြင် အခမ်းအနားကျင်းပမည့် နံနက်ပိုင်း သန်လျင်ရေတပ် ဆိပ်ကမ်း၌ တပ်တော်ဝင် အခမ်းအနားလည်း ကျင်းပမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်တော်ဝင်ပွဲကို တက်ရောက်မည်ဖြစ်ကာ နံနက်ပိုင်း အခမ်းအနားကို ရေတပ်သင်တန်းကျောင်း သန်လျင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ညနေပိုင်း အခမ်းအနား ဆက်လက် ကျင်းပရန် မင်းအောင်လှိုင်က သန်လျင် ဆိပ်ကမ်းမှ သင်္ဘောဖြင့် ညနေ ၅ နာရီခန့်တွင် ဗိုလ်တစ်ထောင် သံလျက်စွန်းဆိပ်ကမ်း ဧရာဝတီဌာနချုပ်ကို ကူးလာ၍ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ပြင်ဆင်ထားသော အရောင်းဆိုင်ခန်းတွေကို လှည့်လည်ကြည့်ရှုပြီး အခမ်းအနားမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

    “၂၀၂၃ ခုနှစ်က ရှော့တိုက်ဒုံးကြောက်လို့ သံလျင်မှာ အကျဉ်းချုံး လုပ်ခဲ့တဲ့ ရေတပ်နှစ်ပါတ်လည်ပွဲကို ဒီနှစ် ဒီဇင်ဘာ ၂၄ရက်နေ့မှာ ပြန်လုပ်မယ်သိရတယ်။ အခု ဗိုလ်တစ်ထောင် သန်လျက်စွန်းက ဧရာဝတီဌာနချုပ် (ဧရခ)ဘောလုံးကွင်းမှာ ဈေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့ပြင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ်တွင် ယခု ဒီဇင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်သူနာပြုတက္ကသိုလ် ကျောင်း ဆင်းပွဲနှင့် မှော်ဘီ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲများကိုလည်း မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ် DSTA ကျောင်းဆင်းပွဲသို့လည်း မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မင်းအောင်လှိုင် လာရောက်ရန် ရှိနေကြောင်း သိရှိရသည်။

    လက်ရှိ စစ်ရေးအခြေအနေမှာ မင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ရတော့မည်ဖြစ်ပြီး မောင်တောမြို့နယ်တစ်ခုလုံးကိုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်ကို KIA က တိုက်ခိုက်သိမ်းပိုက်နေပြီး ချင်းပြည်နယ်တွင်လည်း စစ်တပ်စခန်းများကို ဆက်တိုက် လက်လွှတ်နေရကြောင်း၊ ယင်းသို့သော စစ်ရှုံးနေသည့် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပွဲတက်မပြတ်ဘဲ စစ်ရှုံးနေမှုများကို လျစ်လျူရှု နေကြောင်း တပ်အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုကြသည်။

  • စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ  အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော

    စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော

    စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော

    မြန်မာအကြမ်းဖက်စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ဦး ယခုနှစ် ၁၁ လအတွင်း အလင်းဝင်လာကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

    NUG ၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၄/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သွေးထွက်သံယိုမှုနည်းနိုင်သမျှနည်းနည်းဖြင့် တော်လှန်ရေးအောင်မြင် နိုင်ရေး ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ကော်မတီက အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် လမ်းခွဲပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံကူညီပေးလျက်ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်ခိုလှုံဝင်လာသော ခြေလျင်တပ်သား ၃၀၂ ဦး ၊ ရေတပ်သား ၁၁ ဦး၊ လေတပ်သား ၁၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ဦး၊ အကျဉ်းဦးစီးဝန်ထမ်း ၅ ဦး စုစုပေါင်း (၄၇၅) ဦးရှိခဲ့ကြောင်း၊ ရာထူးအားဖြင့် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်မှ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ကြောင်း၊ အဆိုပါ ၄၇၅ ဦးတွင် ၁၉၁ ဦးမှာ လက်နက်နှင့်အတူ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် ၁၁ လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူများတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသော တပ်သားသစ် စုစုပေါင်း ၃၃ ဦးပါဝင်ကြောင်း၊ ၃ နှစ်ကျော်ကာလအတွင်း စစ်သား ၃,၇၀၀ ဦးကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ဦးကျော် စုစုပေါင်း ၁၅,၀၀၀ ဦးခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးပေး လျက်ရှိကြောင်း သိရှိရသည်။

    ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီဖြင့် ချိတ်ဆက်လာခြင်းမရှိဘဲ နည်းလမ်း ပေါင်းစုံဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် လမ်းခွဲခဲ့ကြသူများ၊ တနည်းနည်းဖြင့် တပ်တွင်းအာဏာဖီဆန်မှု ပြုလုပ်နေကြသူများ၊ တပ်အတွင်းမှ တော်လှန်ရေးကို တနည်းတဖုံဖြင့် ကူညီပံ့ပိုးပေးနေကြသူများလည်းရှိကြောင်း ဦးနေဘုန်းလတ်၏ အဆိုအရ သိရှိရသည်။

  • New Cleaning With Hydrogen Peroxide Tips

    New Cleaning With Hydrogen Peroxide Tips

    Why Choose Us

    Extreme cleaning from floor to roof

    Suspendisse maximus sem eget tortor commodo dignissim. Nunc pharetra odio at venenatis venenatis. Suspendisse maximus sem eget tortor commodo dignissim. Nunc pharetra odio at venenatis venenatis. Suspendisse maximus sem eget tortor commodo dignissim. Nunc pharetra odio at venenatis venenatis. Suspendisse maximus sem eget tortor commodo dignissim. Nunc pharetra odio at venenatis venenatis. Suspendisse maximus sem eget tortor commodo dignissim. Nunc pharetra odio at venenatis venenatis. Suspendisse maximus sem eget tortor commodo dignissim. Nunc pharetra odio at venenatis venenatis.