ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်အသွင်ပြောင်း ရွေးတုသမ္မတ၏ ပြောဆိုမှုမှာ လူရယ်စရာ ဖြစ်နေဟု ဆရာတော်များ မိန့်ကြား စစ်ခေါင်းဆောင်အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ၌ ဗုဒ္ဓ သာသနာနှင့် ပတ်သက်၍ ပြောဆိုလျှောက်ထားမှုများသည် လက်တွေ့လုပ်ရပ်များနှင့် ကွာခြားနေပြီး လူရယ်စရာဖြစ်နေကြောင်း သံဃာတော်များက ပြင်းပြင်းထန်ထန် ဝေဖန်မိန့်ကြားလိုက်သည်။ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လှိုဏ်ဂူသိမ်တော်ကြီးတွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ကျင်းပခဲ့သော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ရွေးတုသမ္မတ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် “ဆရာဒကာ လက်တွဲညီစွာ ဆောင်ရွက်သွားပါက ထေရဝါဒ ဗုဒ္ဓသာသနာ တော်မြတ်ကြီး ကမ္ဘာတည်သရွေ့ သန့်ရှင်းတည်တံ့ပြန့်ပွားမည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါတယ်” ဟု ရွေးတုသမ္မတက […]