မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော် မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။ ယခုမေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်ကျား […]