၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့်မပြုဘဲ နိုင်ငံ ရေးကိုယ်စားပြုမဟုတ်သည့် ကိုယ်စားလှယ်သာ တက်ခွင့်ပြုမည်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က ယနေ့အတည်ပြု ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၇ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ကျင်းပသည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့်မပြုဘဲ နိုင်ငံရေးကိုယ်စားပြုမဟုတ်သည့် ကိုယ် စားလှယ်သာ တက်ခွင့်ပြုမည်ဟု အာဆီယံဥက္ကဋ္ဌက ယနေ့ မေလ ၆ ရက်နေ့တွင် တရားဝင် အတည်ပြုလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ်၊ လာပူးလာပူးမြို့တွင် ကျင်းပမည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးသို့ အဖွဲ့ဝင် ၁၁ နိုင်ငံစလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သော်လည်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမူ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံရေးအရ […]