ချင်းပြည်နယ်၊ ဖလမ်းနှင့် ဟားခါးမြို့နယ်လမ်းပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဖလမ်းမြို့ကို စစ်အုပ်စုတပ်က ဧပြီလ ၂၅ ရက်နေ့တွင် သိမ်းယူခဲ့ပြီးနောက် ဖလမ်း – ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးလျက်ရှိရာ ယမန်နေ့ (မေလ ၇ ရက်) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် လိုင်ကွာ (Liakua) တောင်ကျော၌ ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ရန်သူ့ဘက်က ၁၅ ယောက်လောက်သေပြီး ဒဏ်ရာရတာတွေလည်း များတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ စစ်အုပ်စုတပ်သည် အင်အား ၃၀၀ ကျော်ကို စစ်ကြောင်းသုံးကြောင်း […]