ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနှင့် အရပ်သားတစ်ဦး သေဆုံး မတော်တဆထိခိုက်မှုအတွက် ကာကွယ်ရေးတပ်ဖွဲ့များက အနူးအညွတ်တောင်းပန် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီ၏ တောင်အိုစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF က ယနေ့ မေလ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုနှစ်ဖက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ရပြီး အဆိုပါဖြစ်ရပ်အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က မိသားစုဝင်များထံ အနူးအညွတ် တောင်းပန်ထားသည်။ ကဆုန်လပြည့်နေ့ ဧပြီ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် […]