အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။ မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ဝိုင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်ဦးသည် ပြည်တော်အေးရွာမှ အောင်ဇော်၏ နေအိမ်ကို ရောက်ရှိနေစဉ် […]