Category: News

  • နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားလို့ ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိ

    နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က နိုဝင်ဘာ ၁၂ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားခဲ့တာကြောင့် ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီကင်းစခန်းမှာ စစ်အုပ်စုတပ်တွေက နှစ်နှစ်ခန့် တပ်စွဲနေထိုင်နေပြီး နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပါတယ်။

    ကင်းစခန်းမှာရှိနေတဲ့ စစ်အုပ်စုတွေဟာ စစ်ကြောင်းသုံးကြောင်းနဲ့ နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးထွက်ခွာသွားချိန်မှာ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PLA က ဆိုပါတယ်။

    “ရမည်းသင်းမြို့နယ်မှ စစ်ကြောင်း တကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း သုံးကြောင်းဖြင့် ရန်သူက နယ်မြေစိုးမိုးရေးစစ် ကြောင်းထိုးနေစဉ် ၎င်းတို့၏ အခြေပြုစခန်းတခုကို PLA မှ ၀င်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ ရန်သူ့စခန်းကို ၀င်ရောက်စီးနင်းချိန်တွင် ရန်သူများစခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ရန်သူ၏ ကင်းကြည့်‌မျှော်စင်များ၊ ဘန်ကာများကို စီးနင်းနိုင်ခဲ့ပြီး စခန်းတွင်း ၀င်ရောက်နိုင်ခဲ့သည်။ ထို့နောက် ရန်သူ့စခန်းကို ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့သည်”လို့ PLA က ထုတ်ပြန်ထားပါတယ်။

    နိုဝင်ဘာ ၁၃ ရက်မှာ သိမ်းဆည်းရရှိထားတဲ့ စစ်အုပ်စုစခန်းကို ထပ်မံရှင်းလင်းခဲ့ရာ ကျည်တချို့၊ ငွေသားတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PLA ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းက PLA သိမ်းပိုက်ထားတဲ့ စခန်းအနီးက ကျေးရွာတွေကို စစ်ကြောင်းထိုး အထိုင်ချထားတယ်လို့ ဆိုပါတယ်။

  • မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    ထိုင်း- မြန််မာနယ်စပ်ကုန်သွယ်ရေးမြို့တမြို့ဖြစ်သည့် မောတောင်မြို့အား လေးရက်ခန့် တိုက်ခိုက်ပြီးနောက် မြို့ဧရိယာအားလုံးအား တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်များက ပြောသည်။

    မောတောင်မြို့အား ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခြင်းဟု သိရသည်။ စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းတပ်အချို့ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ခြင်းရှိပြီး ၂၀ ဦးထက်မနည်းမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း သိရသည်။

    “သိမ်းနိုင်ပါပြီ။ အသေးစိတ်ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်ကပဲ သတင်းထုတ်ပြန်ပါလိမ့်မယ်ဗျ” ဟု NUG တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက အတည်ပြုသည်။

    “အခု အောက်ဘက် မြေပြင်မှာ တိုက်ခိုက်တာတော့ သိပ်မကြားရတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့တော့ ကြားတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ” ဟု မောတောင် သတင်းရင်းမြစ်ကလည်း အတည်ပြုပြောကြားသည်။

    တိုက်ပွဲအတွင်း စစ်လက်နက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရမိထားပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

    မောတောင်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့ကစ၍ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး ယနေ့သည် တိုက်ပွဲလေးရက်မြောက်နေ့ဖြစ်သည်။

    စစ်ကော်မရှင်တပ်က တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်မြို့သို့ သိန်ခွန်း- မောတောင်လမ်းအတိုင်း စစ်ကော်မရှင်က စစ်ကြောင်းထိုးရာမှ တိုက်ပွဲများစတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း မောတောင်မြို့အဝင် ဘုရားကုန်းရှိ စစ်ကော်မရှင်တပ်စခန်းမှ လက်နက်ကြီးပစ်ကူခြင်း၊ လေကြောင်းမှ Y-12၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများဖြင့် ခုခံခဲ့သည်။

    ယနေ့ နံနက်အစောပိုင်းအထိ မေးမြန်းချက်အရ စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်ခြင်းရှိကြောင်းနှင့် မြို့ဧရိယာ ၈၀ ရာခိုင်နှုန်းအား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းရေးပြုလုပ်နေပြီဖြစ်ကြောင်း KNU တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက အတည်ပြုပြောကြားခဲ့သည်။

    “တိုက်ပွဲဖြစ်တော့ ကြောက်ပြီး မခံနိုင်တော့ ထွက်ပြေးတာပေါ့။ အခုကတော့များသောအားဖြင့် ၈၀ ရာခိုင်နှုန်းရှင်းသွားပြီ။ အကြွင်းအကျန်တွေပဲရှိတယ်။ အခု နယ်မြေရှင်းလင်းရေးလုပ်နေတယ်” ဟု ပြောသည်။

    သတင်းရင်းမြစ်ကမူ စစ်ကော်မရှင်တပ်အထိုင်ချထားရာ တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးနေရာများအား တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ပြောသည်။

    မောတောင်မှ တနင်္သာရီမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းတလျှောက်ကိုလည်း KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ရာ ယခု မောတောင််မြို့ကိုပါ ထပ်မံသိမ်းပိုက်ရရှိသွားခြင်းကြောင့် တနင်္သာရီတိုင်း၏ အရှေ့ဘက်အကျဆုံး နယ်စပ်ဧရိယာတခုလုံးအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ဆိုနိုင်မည်ဖြစ်သည်။

    တိုက်ပွဲဖြစ်ပွားမှုများကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ မောတောင်မြို့မှ ဒေသခံများမှာ ထိုင်း- မြန်မာနယ်စပ်၊ မောတောင်- ဆင်ခွန်း နယ်စပ်မျဉ်းအနီးတွင် တိမ်းရှောင်နေကြသည်။

    အဆိုပါ စစ်ဘေးရှောင်များအတွက် အစားအသောက် လိုအပ်မှုများရှိနေသကဲ့သို့ ဆေးဝါး၊ အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ခြင်ဆေးခွေ စသဖြင့် အခြေခံ ရပ်တည်ရေးပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။ ထို့ပြင် စစ်ဘေးရှောင်ပြည်သူအချို့ ဝမ်းပျက်ဝမ်းလျော ရောဂါများလည်း ဖြစ်ပွားခြင်းရှိသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

    မောတောင်မြို့သည် ထိုင်း- မြန်မာနယ်စပ် ထိုင်းနိုင်ငံ- ပရာကျွတ်ကရီခမ်ခရိုင်၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေသည့် ကုန်သွယ်ရေးမြို့ဖြစ်သည်။ မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ခဲ့ကာ လက်ရှိအချိန်အထိ ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေဆဲဖြစ်ပြီး မောတောင်နယ်စပ်လမ်းကြောင်းတလျှောက် တိုက်ပွဲများ ပြင်းထန်လာချိန်မှစ၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအသုံးပြုမှု ရပ်တန့်သွားခဲ့သည်။

    မောတောင်မြို့သည် KNU ၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်အတွင်း ပါရှိသည်။

    တပ်မဟာ (၄) နယ်မြေအတွင်းလှုပ်ရှားနေသည့် KNLA ပူးပေါင်းတပ်များသည် ထားဝယ်- ထီးခီးနယ်စပ်လမ်းကြောင်းပေါ်ရှိ ထီးခီး၊ ထီးထ စသည့်ဗျူဟာစခန်းများနှင့် ဗောဓိတပ်စခန်း၊ ငါးရံ့နီစခန်း၊ သုခစခန်း စသည့် စစ်ကော်မရှင်၏ နယ်စပ်စခန်းများအား ၂၀၂၅ ခုနှစ်အစောပိုင်းကစပြီး တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ထားခြင်းရှိပြီး နယ်စပ်လမ်းကြောင်းများ၏ ဒေသအချို့ကိုလည်း သိမ်းပိုက် စိုးမိုးထားခြင်းရှိသည်။

  • ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား

    ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား

    ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား

    ညီမ ကောင်လေး Foodpanda သွားပို့တာ

    ကမာရွတ်ရဲစခန်းက လိုင်းပေါ်ကမှာလို့ 85000 အရက်

    ဟိုရောက်တော့ အရက်ပုလင်းယူပြီး ပိုက်ဆံမရှင်းပေးပါဘူး

    တနေ့လုပ်မှ တနေ့စားရတဲ့ ပြည်သူ Foodpanda အလုပ်သမား‌လေးကို သူတို့မို့လို့ လုပ်ရက်တယ်

    သူ့ရဲ့ ဖုန်းနံပါတ်နဲ့ နာမည်လည်း သိပါတယ်

    ဖုန်းခေါ်ရင်လည်း စက်ပိတ်ပြစ်လိုက် ပြန်ချပြစ်လိုက်နဲ့

    ဂိတ်ဝကို ဝင်တောင်းဖို့ပြောတော့ ဂိတ်စောင့် အသက်ကြီးကြီး ဦးလေးကြီးကလည်း ဇယားတွေ လာမရှုပ်နဲ့ပြောပါတယ်

    သူတို့အတွက် 85000က ဘာမှမဟုတ်ဘူးထင်နေတာ

    ညီမတို့မှာ တနေ့ စက်ဘီးနင်းမှ တနေ့ ထမင်းစားရတာပါ

    လုပ်ရက်လိုက်တာ

    အဲ့ဒါ ဘယ်လိုမှ ပြန်တောင်းလို့ မရနိုင်ဘူးလား အကြံပေးကြပါအုံးရှင်

    တကယ် 85000 က ညီမတို့အတွက် ဘဝကြီးပါ

    အရှက်တရားဆိုတာ နည်းနည်းမှ မရှိကြတဲ့ကောင်တွေ

    အချောင်ရရင် အချောင်စားမယ်ဆိုတဲ့စိတ်ဓါတ်တွေနဲ့

    အနေအစားချောင်လို့ဝင်လုပ်နေကြတဲ့ ကောင်တွေ

    ဝဋ်ဆိုတာ ဘဝမကူးဘူးဆိုတာ မင်းတို့သိစေချင်တယ်

    Su Phyoe Han

  • ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့စည်း

    ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့စည်း

    မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ ခရစ်ပတိုငွေကြေး အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် အထူးတပ်ဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာပါတယ်။

    ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) လို့အမည်ပေးထားတဲ့အဖွဲ့ကို ဝါရှင်တန်မှာ အမေရိကန်အစိုးရရှေ့နေ ဂျင်နိုင်းဖားရစ်ပီရိုက ဦးဆောင်ပြီး တရားရေးဝန်ကြီးဌာန၊ FBI နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အပါအဝင် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ ဖွဲ့စည်းလိုက်တာပါ။

    တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့ (TCOs) တွေက ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်တာတွေ၊ ယုံကြည်အောင် လှည့်ဖြားတဲ့ နည်းလမ်းပေါင်းစုံတွေ သုံးပြီး သာမန် အမေရိကန်ပြည်သူတွေရဲ့ ဘဝတသက်စာ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို လိမ်လည်ခိုးယူ နေကြတယ်လို့ ဆိုပါတယ်။

    အမေရိကန် လူမှုကွန်ရက်တွေ ဒါမှမဟုတ် အမေရိကန်နိုင်ငံသားတွေရဲ့ ဖုန်းနံပါတ်တွေဆီ ပို့တဲ့ text မက်ဆေ့ချ်တွေကနေတဆင့် သူတို့ ပစ်မှတ်ထားတဲ့ သားကောင်တွေကို အရင်ဆုံး ယုံကြည်မှု ရအောင် တည်ဆောက်ကြပြီး အချိန်ကြာလာတာနဲ့အမျှ၊ သားကောင်တွေကို ခရစ်ပတို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ယုံအောင် လိမ်လည်ပြောဆိုကာ အဲ့ဒီပိုက်ဆံတွေကို ခရစ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှု ဝက်ဘ်ဆိုက် အတုတွေ၊ အက်ပလီကေးရှင်း အတုတွေထဲကို လွှဲခိုင်းပြီး လိမ်လည်တာ ဖြစ်ပါတယ်။

    ပိုက်ဆံ လွှဲလိုက်ပြီးတာနဲ့ အဲ့ဒီ ခရစ်ပတိုတွေကို ချက်ချင်း ငွေကြေးခဝါချပြီး အမေရိကန်ရဲ့ တရားစီရင်ပိုင်ခွင့် အပြင်ဘက်က တခြား အကောင့်တွေထဲကို ပို့လိုက်ကြတာဖြစ်ပြီး ဒီနည်းလမ်းကို လိမ်လည်သူတွေက “ဝက်မွေးပြီး သတ်စား” (pig butchering) တာလို့ သုံးနှုန်းကြပါတယ်။

    သားကောင်ကို အချိန်အကြာကြီး နည်းနည်းချင်း ပိုက်ဆံတွေ ထည့်ဝင်လာအောင်၊ များသောအားဖြင့် ခရစ်ပတိုငွေကြေး ပုံစံနဲ့ ရင်းနှီးမြှုပ်နှံလာအောင် အားပေး တိုက်တွန်းတဲ့ လိမ်လည်မှုမျိုး ဖြစ်ပါတယ်။

    ဒီငွေလိမ်စခန်းတွေကို မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ ထားရှိပြီး လူကုန်ကူးခံရသူတွေကို လက်နက်ကိုင်အဖွဲ့တွေရဲ့ အစောင့်အကြပ်အောက်မှာ အတင်းအဓမ္မ ညှဉ်းပန်းနှိပ်စက် ခိုင်းစေနေတာဖြစ်ပါတယ်။

    အသစ်ဖွဲ့စည်းလိုက်တဲ့ အထူးတပ်ဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ်လည်မှု စခန်း ၂ ခုကို စတင်စစ်ဆင်ရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း FBI အေးဂျင့်တွေဟာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံက KK Park လို ကျားဖြန့်စခန်းတွေကို တိုက်ဖျက်ဖို့ လုပ်ဆောင်နေပါတယ်။

    ဒီစစ်ဆင်ရေးတွေရဲ့ တစိတ်တပိုင်းအနေနဲ့ ဒီမိုက​ရေစီအကျိုးပြုကရင်တပ်မ​​​တော် (DKBA) ကို အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဆိုပါတပ်ဖွဲ့ဟာ အရှေ့တောင်အာရှမှာရှိတဲ့ အဆိုးရွားဆုံး လိမ်လည်မှုစခန်းတွေကို စုံစမ်းစစ်ဆေးနေပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ လှုပ်ရှားနေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ အဓိကခေါင်းဆောင်တွေကို ဖော်ထုတ်အရေးယူဖို့ အာရုံစိုက်နေပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒီအွန်လိုင်းငွေလိမ်လည်မှုစခန်းတွေနဲ့ ဆက်စပ်နေတဲ့အတွက် DKBAနဲ့ တခြားအဖွဲ့အစည်းတွေကို အထူးသတ်မှတ်ထားသော နိုင်ငံသားများ (SDN) စာရင်းထဲကို ထည့်သွင်းထားပါတယ်။

    ဒီ SDN စာရင်းမှာ အကြမ်းဖက်သမားတွေ၊ မူးယစ်ဆေးဝါးကုန်ကူးသူတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေလို လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေ ပါဝင်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ထားကာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့နဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို တားမြစ်ထာတာတွေ ပါဝင်ပါပါတယ်။

    အထူးတပ်ဖွဲ့ရဲ့ ခရစ်ပတိုငွေကြေး သိမ်းဆည်းရေးအဖွဲ့ဟာ ဒီလိုလိမ်လည်မှုတွေကနေ ရရှိထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို သိမ်းဆည်းရမိထားပြီး နစ်နာသူတွေထံပြန်ပေးမယ်လို့ အမေရိကန် ရှေ့နေရုံးက ထုတ်ပြန် ပါတယ်။

    ဒါ့အပြင် ခိုးယူခံထားရတဲ့ နောက်ထပ် ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ ကိုလည်း သိမ်းဆည်းနိုင်ဖို့အတွက် တရားစွဲဆိုမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီသိမ်းဆည်းရေးအဖွဲ့ဟာ လိမ်လည်ခံရတဲ့ငွေတွေကို ပြန်လည်ရယူပြီး နစ်နာသူတွေဆီ ပြန်ပေးနိုင်ဖို့ အဓိကထား လုပ်ဆောင်နေတာဖြစ်ပါတယ်။

    ဒီလိမ်လည်မှုတွေကြောင့် အမေရိကန်တွေဟာ တနှစ်ကို ဒေါ်လာ ဘီလီယံ ၁၀ လောက် နစ်နာဆုံးရှုံးနေရတယ်လို့ ခန့်မှန်းထားပြီး လိမ်လည်မှုကနေ ရတဲ့ဝင်ငွေ အမေရိကန်နိုင်ငံရဲ့ GDP ရဲ့ ထက်ဝက်နီးပါးလောက်အထိရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ကျားဖြန့်ကိစ္စနဲ့ဆက်နွှယ်ပြီး မြန်မာနိုင်ငံက DKBA ခေါင်းဆောင် ၄ ယောက်နဲ့ ထိုင်းအခြေစိုက် Trans Asia နဲ့ Troth Star ကုမ္ပဏီပိုင် ထိုင်းနိုင်ငံသားတယောက်ကိုပါ ဒဏ်ခတ်အရေးယူလိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ကြေညာပါတယ်။

    ဒါ့ပြင် အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့ မိသားစုဝင်တွေကိုလည်း ကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အမေရိကန်က အရင်ကတည်းက ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားပါတယ်။

  • စစ်ကိုင်းတိုင်း ကန့်ဘလူတိုက်ပွဲ ဗျူဟာမှူးအပါအဝင် ၅၀ခန့် သေဆုံးပြီး သုံ့ပန်း ၁၅ဦးနှင့်လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း ကန့်ဘလူတိုက်ပွဲ ဗျူဟာမှူးအပါအဝင် ၅၀ခန့် သေဆုံးပြီး သုံ့ပန်း ၁၅ဦးနှင့်လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း ၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှသတင်းထုတ်ပြန်သည်။

    ၎င်းတိုက်ပွဲသည် နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်တွင်ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီးတွင် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများပြီး စစ်ကြောင်းပြိုကွဲသွားခဲ့သည်ဟု သိရသည်။

    တပ်မ(၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခလရ -၁၁၁ )တပ်နှင့်ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာစစ်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်နယ်ဘက်ကို စစ်ကြောင်းထိုးလာစဉ်တော်လှန်ရေးတပ်ဖွဲ့များမှ ကန့်ဘလူမြို့နယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်အရောက်တွင် တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းစစ်ကြောင်းကို နံနက်ကစပြီး ကြားဖြတ် တိုက်ခိုက်ရာ နံနက် ၉နာရီ ဝန်းကျင်မှာ စစ်ကြောင်းပြိုကွဲကာ တပ်ပျက်သည်အထိ ချေမှုန်းနိုင်ခဲ့ဟု ဆိုသည်။

    ထိုသို့ ချေမှုန်းတိုက်ခိုက်ခံရသဖြင့် ဗျူဟာမှူးအပါအဝင်စစ်အုပ်စု ၅၀ ခန့်သေဆုံးပြီး သုံ့ပန်း ၁၅ ယောက်ထက်မနည်းဖမ်းမိပြီး လက်နက်ခဲယမ်းများရရှိခဲ့သည်ဟုဆိုသည်။

    ရရှိခဲ့သည့် လက်နက်များမှာ စစ်အုပ်စုဘက်ကနေ MA – 1 အမျိုးအစား နှစ်လက်၊ MA- 3 အမျိုးအစား နှစ်လက်၊ MA- 4 အမျိုးအစား တစ်လက်၊ G -3 အမျိုးအစား ခုနှစ်လက်၊MA- 6 အမျိုးအစား တစ်လက်၊MA n တစ်လက်၊ ကာဘိုင် ငါးလက်၊ စလေယာတစ်လက်၊ ဒရုန်း တစ်လက်၊ ဂျန်ဘာအကြီးတစ်လုံး၊ ပါဝါစတေရှင် တစ်လုံး၊ လက်တော့ပ် တစ်လုံး၊ ၄၀ မမ သီး တစ်လုံးနှင့် အီနာဂါ တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။

    အဆိုပါတိုက်ပွဲကို ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နှင့်တော်လှန်ရေးအင်အားစုများပါဝင်သည်ဟုသိရသည်။

    ထိုသို့ အကျအဆုံးများပြားသဖြင့် တိုက်ပွဲဖြစ်ပြီးနောက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ဂျိူင်ရိုကော်ပတာသုံးစီးဖြင့် ခင်ဦးနှင့် ကန့်ဘလူနယ်စပ်ဒေသများအားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း အထိအခိုက်မရှိဟု သိရသည်။