Category: News

  • အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    စလင်းမြို့ အထက – ၁ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    စစ်အုပ်စုက အမှုဖွင့်မပေးဘဲ ကျူးလွန်ခံရတဲ့ ကျောင်းသူကိုပါ ယာယီကျောင်းထုတ် အရေးယူ၊

    ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေလို့ ရပ်ကွက်က ရဲခေါ်ပြီး ဆေးရုံပို့ရတာ

    ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်ခံရတာ မှန်ပေမယ့် စစ်အုပ်စုက မိသားစုကို ခြိမ်းခြောက်ကာ ငွေနဲ့ အမှုကျေအေးခိုင်းလို့ အမှုမှန် မပေါ်မှာ မြို့ခံတွေ စိုးရိမ်

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ စစ်အုပ်စုက ဖွင့်ထားတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း – အထက ၁ ကျောင်းက Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက တန်ပြန် သတင်းဖြန့်ပါတယ်။

    အောက်တိုဘာ ၂၃ ရက်က စလင်းမြို့ အ.ထ.က – ၁ ကျောင်းမှာ Grade – 10 အတန်း တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကို ရည်စားဖြစ်တဲ့ Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိတယ်ဆိုပြီး ဘုရားရင်ပြင်ကို ချိန်းဆိုကာ အရက်သေစာ သောက်စားပြီးနောက် နောက်ထပ် သူငယ်ချင်း သုံးယောက်နဲ့အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး ဗီဒီယိုရိုက်ကူးကာ လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။

    အရက်သေစာသောက်စားပြီးနောက် ရည်စားဖြစ်သူနဲ့ အဖွဲ့က ဝိုင်ဝန်းအဓမ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောသွားခဲ့ပြီး ပြန်လည်သတိရလာချိန် ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ မြို့ခံတွေက စစ်အုပ်စု ရဲတွေကို ဖုန်းဆက်ခေါ်ပြီးနောက် ဝိုင်းဝန်းကူညီကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရသလို စစ်အုပ်စု ရဲတွေကလည်း အဓမ္မမှု ကျူးလွန်တဲ့ ကျောင်းသားတွေကို ရဲစခန်းခေါ်သွားတာ ဖြစ်တယ်လို့ စလင်းမြို့ခံတွေက ပြောပါတယ်။

    “ကျောင်းသူမလေးကို ကျောင်းသားလေးက သူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ ထီးကြီးဘုရားမှာ ခေါ်သွားတာ။ အဲဒီ ဘုရားမှာ သောက်စားမူးယစ် ကြပြီးတော့ ကျောင်းသူမလေးကို အားလုံးက ဝိုင်းပြီး မုဒိမ်းကျင့်လိုက်ကြတာ။ မုဒိမ်းကျင့်လိုက်တာမှာ ရည်းစားဖြစ်သူက ကျောင်းသူလေးရဲ့ လည်ပင်းကို ညှစ်ပြီးတော့ တစ်ယောက်ချင်းစီး ခွဲပြီး မုဒိမ်းကျင့်ကြတာ။ အခု နစ်နာတဲ့ကျောင်းသူလေး မိသားစုကို ငွေပေးပြီး ညှိနေကြတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူလေးကတော့ ဆေးရုံကဆင်းပြီးလို့ သူ့အိမ်ပြန်ရောက်နေပါပြီ။ အခု မြို့ခံတွေကတော့ ဥပဒေအရ အရေးမယူရင် မကျေနပ်ကြဘူးဖြစ်နေတယ်”လို့ စလင်းမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေကာ အကူအညီတောင်းလို့ အများက ဝိုင်းပြီး ဆေးရုံပို့လိုက်ရတာ မှန်ကန်သလို ကျောင်းသားတွေက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေတာ မှန်ကန်ပေမယ့် အဓမ္မမှု မမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက အောက်တိုဘာ ၂၆ရက်မှာ ပြန်လည် တုန့်ပြန် သတင်းဖြန့်ပါတယ်။

    ကျူးလွန်ခံရသူ ကျောင်းသူဟာ အသက် ၁၅နှစ်အရွယ် ဖြစ်ပြီး ကျောင်းချိန်မှာ ကျောင်းမတက်ဘဲ အဓမ္မမှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကျောင်းသား သုံးယောက်နဲ့ အရပ်သားတစ်ယောက်တို့နဲ့အတူ ဘုရားဝင်းထဲ ဝိုင်းဖွဲ့အရက်သောက်စားခဲ့ကြောင်း၊ အဲ့ဒီလို ဝိုင်းဖွဲ့သောက်စားချိန် နောက်ထပ် ကျောင်းသူနှစ်ဦးလည်း ပါဝင်ပြီး ကျူးလွန်ခံရသူ ကျောင်းသူက အရက်အမူးလွန်ကာ ကျောင်းသားတစ်ဦးရဲ့ ပေါင်ပေါ် လှဲပြီး အော်ဟစ်နေတာကို တခြားကျောင်းသားက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

    “မခင် (ကျူးလွန်ခံရတဲ့ကျောင်းသူ- အမည်လွှဲ) မှာ အရက်အလွန်အကျွံ မူးပြီး မောင်———— ၏ ပေါင်ပေါ်တွင် လှဲ၍ အော်ဟစ်နေသည့် ပုံအား အခြား​ကျောင်သားတစ်ဦး မှ Video မှတ်တမ်း ရိုက်ကူးခဲ့ပါသည်။ ​နေ့လယ်ပိုင်းတွင် ကျန်သူများ အသီးသီး ထွက်ခွာသွားကြ​သော်လည်း မခင်. ———— မှာ အရက် အလွန်အကျွံမူး၍ မထိန်းနိုင်ဘဲ ကျန်ရှိခဲ့သဖြင့် ​ ရွာတာဝန်ခံ နှင့်အဖွဲ့မှ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရ” လို့ စစ်လော်ဘီတွေရဲ့ တုန့်ပြန် သတင်းဖြန့်ချက်မှာ ဖော်ပြပါတယ်။

    ကျူးလွန်ခံရသူ ကျောင်းသူဟာ စလင်းမြို့ပေါ်က မဟုတ်ဘဲ မြို့အပြင် ကျေးရွာက ဖြစ်ပြီး ကျူးလွန်သူ ကျောင်းသား လေးဦးအနက် နှစ်ဦးဟာ စလင်းမြို့ပေါ်က ဖြစ်ကာ နောက်ထပ် နှစ်ဦးကတော့ စလင်းမြို့အနီး ဆင်ကျုံးရွာက ဖြစ်တယ်လို့ စစ်လော်ဘီတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီ ဖြစ်စဉ်နဲ့ပါတ်သက်ပြီး စစ်အုပ်စုက အမှုမဖွင့်ပေးဘဲ ကျူးလွန်ခံရသူ ကျောင်းသူကိုပါ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ တစ်လ ကျောင်းထုတ် အရေးယူထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

    “အောက်တိုဘာ ၂၃ရက်တွင် အထက-၁(စလင်း) ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ အထက်ပါ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ကျောင်းစည်းကမ်းအား မလိုက်နာဘဲ စည်းကမ်းဖောက်ဖျက် ကျူးလွန်သည့်အတွက် မိဘ အုပ်ထိန်းမှုအောက်တွင် လိမ္မာရေးခြား ရှိစေရန် သွန်သင်ဆုံးမ ခွင့်ပြုသည့်အနေဖြင့် (၁)လ ကျောင်းမှရပ်နားခဲ့ကြောင်း ကျောင်းအုပ် ဆရာကြီး ၏ ရှေ့မှောက်တွင် ဝန်ခံကတိပြုလက်မှတ် ရေးထိုး​စေခဲ့ကြောင်း”

    စလင်းတမြို့လုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ကိစ္စကို စစ်အုပ်စုက ဗြောင်ငြင်းပြီး ကျောင်းသူလေးရဲ့ မိသားစုကို တစ်ရှက်က နှစ်ရှင်မဖြစ်စေဖို့လို့ ချော့မော့ခြိမ်းခြောက်ကာ ငွေနဲ့ ကျေအေးခိုင်းနေတာဟာ ကျောင်းသိက္ခာကျမှာစိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက နစ်နာသူ မိန်းကလေးအတွက် တရားမျှတမှုရရှိစေဖို့ မလုပ်ဆောင်ဘဲ သတင်းဖျောက်ဖျက်ကာ ငွေပေးကြေအေးနိုင်ဖို့ ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

    “ဒီသတင်းက ကျောင်းသားတွေဆီကနေ သိရတာဆိုတော့ သတင်းကအမှန်ပါ။ ဟိုဘက် ကျူးလွန်သူတွေဘက်နဲ့ ကျောင်းဘက်က သတင်းဖုံးဖိပြီးတော့ ငွေပေးညှိနှိုင်းနေကြတယ်လို့ ကြားရတယ်။ ကျူးလွန်သူတွေက အရမ်းချမ်းသာတဲ့ထဲကတော့ မဟုတ်ကြဘူး။ မြို့ခံတွေကတော့ ဥပဒေအရ ထိရောက်တဲ့ အရေးယူတာတွေ လုပ်စေချင်နေကြတယ်”လို့ စလင်းမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။

    စစ်အုပ်စုက အဓမ္မမှုကို အမှုမှန် မဖော်ထုတ်ဘဲ သတင်းပေါက်ကြားစေတဲ့ မြို့ခံတွေအပေါ် လက်နက်အားကိုးနဲ့ အငြိူးထား ရန်ပြုမှာကို စိုးရိမ်တယ်လိုပလည်း မြို့ခံတွေက ဆိုပါတယ်။

    စလင်းမြို့ အထက ၁ မှာ စစ်အာဏာမသိမ်းခင်က ကျောင်းသား ၁၀၀ ဦးကို ဆရာ၊ ဆရာမ ၁၀ ဦးနှုန်းပင် မရှိပေမယ့် လက်ရှိ အာဏာသိမ်း ကာလမှ စစ်အုပ်စုက Non CDM ဆရာ၊ ဆရာမတွေ ထပ်တိုးခန့်အပ်ထားလို့ ကျောင်းသား ၁၀၀ မှာ ဆရာ၊ဆရာမ ၃၀ ဦး နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အုပ်စု လက်အောက် Non CDM ဆရာ၊ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်သူတွေဟာ ပညာသင်ကြားရေးရော၊ စည်းကမ်းထိန်းသိမ်းရေးမှာပါ ကျွမ်းကျင်တတ်မြောက်တာ မရှိဘဲ စစ်အုပ်စုကလည်း သူတို့ကို သစ္စာခံတဲ့ နီးစပ်ရာလူတွေကို ဆရာ၊ ဆရာမအဖြစ် ဆွဲခန့်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် Non CDM တွေ ကြီးစိုးရာ စစ်အုပ်စုက ဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အဓမ္မပြုကျင့်မှု၊ အနိုင်ကျင့် ရန်ပြုမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ Non CDM ကျောင်းအုပ်ဆရာတစ်ဦးက မူလတန်းကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့် လိင်ပိုင်ဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပါသေးတယ်။

    Photo – စလင်းမြို့ အထက ၁ ကျောင်းနဲ့ အခင်းဖြစ်ပွားတဲ့ စလင်းမြို့က ထီးကြီးဘုရား

  • ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်

    ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်

    စစ်အုပ်စု၏ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်၊ Boycott လှုပ်ရှားမှုအရှိန်မြှင့်

    စစ်အုပ်စု၏​ရွေး​ကောက်ပွဲဝါဒဖြန့်ဇာတ်ကားတွင်ပါဝင်သရုပ်​ဆောင်ထားသည့် အနုပညာရှင်များကို ​ပြည်သူများ​က ဝေဖန်မှုအရှိန်မြင့်တက်လာသည်။ ဝေဖန်မှုများနှင့်အတူ အဆိုပါအနုပညာရှင်များကို အားမ​ပေးရန်၊ ၎င်းတို့​ကြော်ငြာသည့်ထုတ်ကုန် များပါမကျန် Boycott (သပိတ်​မှောက်ခြင်း) လုပ်ရန် တိုက်တွန်း​လျက်ရှိသည်။

    “ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး ဂရုမစိုက်ဘဲ ပြည်သူ​တွေရဲ့မျက်ခွက်ကို ဖြတ်ကန်လိုက်သလိုပဲ။ ပြည်တွင်းမှာ​နေလို့ဖြည့်​တွေးပြီး အရင်ကအား​ပေး​သေးတယ်၊ အခုက​လွန်လွန်းအားကြီးတယ် ။​အေးချမ်း​မောင်ကိုဆို အရမ်းသ​ဘောကျလို့ Follow လုပ်ထားတာ။အခု​တော့ Follow ဖြုတ်ပြီ။သူတို့ကိုဆဲတာထက် ကိုယ့်ဘက်ကသူတို့ဇာတ်ကားသွားမကြည့်ဖို့နဲ့ Unfollow/Unlike ဖြုတ်ပြီး Boycott ​သေချာလုပ်ကြပါလို့​ပြောချင်တယ်”ဟု လူငယ်အမျိုးသမီးတဦးက ပြောသည်။

    ရခိုင်ပြည်နယ််၊ စစ်​တွေမြို့ခံတဦးက “​နေတိုးကို ကမ်းလှမ်းလာလို့ ​နေတိုးကစဉ်းစားရမယ်၊ ငါလုပ်​ပေးရမလား မလုပ်​ပေးရဘူးဆိုတာ၊ ခြူး​လေးဆိုလည်း ငါရခိုင်လူမျိုးအ​နေနဲ့ ဒါကို ရိုက်သင့်လားမရိုက်သင့်လားဆုံးဖြတ်ရမယ်။ အခုလိုအ​ပြောဆိုခံရင် ဆင်​ခြင်​တွေ​ပေးဦးမယ်။ ကျွန်​တော်တို့က​တော့ မ​ကောင်းဆိုးဝါး(စစ်​ကော်မရှင်)ကို​ထောက်ခံရင် ဆက်အားမ​ပေးရုံဘဲ ဒါပဲရှိတာ”ဟု ​ပြောသည်။

    တော်လှန်​ရေးကိုပုံရိပ်ကိုဖျက်ကာ ရွေး​ကောက်ပွဲအတွက်မဲဆွယ်စည်းရုံး​နေသည့်အ​ကြောင်းအရာကိုပုံဖော်ရိုက်ကူးထားသည့် “ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ”အမည်ဖြင့်ဝါဒဖြန့်ဇာတ်ကားတွင် အဓိကသရုပ်ဆောင်များအ​နေဖြင့် နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူး​လေး၊​ မေမြင့်မိုရ်နှင့် ဇာတ်ရံများတွင် အောင်ခိုင်၊ ငှက်ပျောကြော် တို့က သရုပ်ဆောင်ထားကြခြင်းဖြစ်သည်။

    စစ်​ကော်မရှင်၏ဝါဒဖြန့်ရုပ်သံ MRTV ချန်နယ်တွင်ပြသသည့် ယင်းဇာတ်ကား၏ ဇာတ်လမ်းအပိုင်းအစ ဗီဒီယိုများ ယမ​န်​နေ့ ​(အောက်တိုဘာလ ၂၆ ရက်)တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် ယ​နေ့တွင် ပြည်သူများက ပိုစ့်တင်ခြင်း၊ Share လုပ်ခြင်းဖြင့် ပြင်းထန်စွာရှုတ်ချ​ဝေဖန်​မှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

    ဇာတ်ဝင်ခန်းထဲတွင် ​တော်လှန်​ရေးအင်အားစုများ၊ CDM လုပ်ကြသူများ၊ ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ပုံရိပ်ဖျက်ထား​ပြီး စစ်​အုပ်စု၏ လုပ်ရပ်များကို​ထောက်ခံခိုင်းသည့်ပုံစံဖြင့် ဝါဒဖြန့်ထားသည်။

    ထို့​နောက်ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး မ​​ဝေဖန်ရန်၊ လူမှုကွန်ရက်စာမျက်နှာများတွင် ပိုစ့်တင် မ​ရေးသားရန် နှင့် ပြုလုပ်ပါက​ ထောင်ချအ​ရေးယူနိုင်သည့်အသုံးအနှုန်းများဖြင့် သရုပ်​ဆောင် အောင်ခိုင်က ဇာတ်ကားထဲတွင် ထည့်သွင်း​ပြောဆိုထားသည်။

    “ဖိအားကြောင့် လုပ်ရသည်ဖြစ်စေ၊ မလုပ်ရသည်ဖြစ်စေ၊ ဆင်ခြေဆိုတာ ပုတ်ထုတ်တတ်ရင် အလွယ်လေးပါ၊ သူတို့ကိုက သရုပ်ဆောင်နေမှတော့ အန်တီက တပြည်လုံး နိုင်ကျဥ်းကိုယ်စား BC (Boycott သပိတ်​မှောက်ခြင်း) ပါပဲ” ဟု နိုင်ငံ​ရေးအကျဉ်းသူတက်ကြွလှုပ်ရှားသူ တဦးက ​ပြောသည်။

    နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နှင့်တွဲရိုက်ထားသည့်အနုပညာရှင်များလည်း ယခုကာလတွင်မျက်နှာဖုံးများကွာကျ၍ စစ်အုပ်စုကို ​ထောက်ခံ​နေကြသည်ကိုမြင်​တွေ့ရ​ကြောင်း ၎င်းက ဆိုသည်။

    စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်​ဖေ​ဖော်ဝါရီလ ၁ ရက်​နောက်ပိုင်း ​ယခုဇာတ်ကားတွင် ပါဝင်သရုပ်​ဆောင်သူအများစု စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရန် ဆန္ဒ​ဖော်ထုတ်ခဲ့ကြသည့် ဓါတ်ပုံမှတ်တမ်းများကို ရှာ​ဖွေ၍ ​လှောင်​ပြောင်သ​ရော်ထားသည့်ပိုစ့်များလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

    ထို့ပြင် ဇာတ်ကားတွင်ပါဝင်ထားကြသူများ၏ အ​ကောင့်၊​​ ပေ့ချ်များကို Unfollow/Unlike လုပ်သည့်တိုက်တွန်းချက်များနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ဆက်အားမ​ပေးရန် အင်တိုက်အားတိုက်ဖြင့်​ပြောဆိုထားသည့်ပိုစ့်များကိုလည်း​ တွေ့ရသည်။

  • ရေးမြို့တွင် စစ်တပ်၊ DKBA နှင့် ပျူစောထီး ပူးပေါင်းဂိတ်စခန်းကို ရေးဘီလူး တိုက်ခိုက်

    ရေးမြို့တွင် စစ်တပ်၊ DKBA နှင့် ပျူစောထီး ပူးပေါင်းဂိတ်စခန်းကို ရေးဘီလူး တိုက်ခိုက်

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီးနဲ့ DKBA တပ် ပူးပေါင်း စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

    နှင်းစုံကျေးရွာမှာ ဂိတ်ချ ဆက်ကြေးကောက်နေတဲ့ အဖွဲ့စုံထိုင်နေတဲ့ ဂိတ်ဖြစ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    “စစ်ကောင်စီ၊ DKBA နဲ့ ပျူစောထီးခေါင်းဆောင် သိန်းတန် ဦးဆောင်တဲ့အဖွဲ့ ဂိတ်ချ စစ်ဆေးရေးလုပ် ဆက်ကြေးကောက်နေတာ။ လျှပ်တပြက် ဝင်တိုက်ခိုက်ခဲ့တာ အထိနာသွားတယ်။”

    စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး လူနာတင်ကားတွေ ဆူညံနေကာ ထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်နေတာကြောင့် ထိခိုက်မှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

    နှင်းစုံဂိတ်က စစ်သားတွေ၊ DKBA တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက ခရီးသွားပြည်သူတွေကို ရှာဖွေစစ်ဆေးဖမ်းဆီးတာ၊ ငွေကြေးတောင်းယူတဲ့ နေရာတွေမှာ ရေးမြို့နယ်အတွင်း အဆိုးဆုံးပဲလို့ ဒေသခံတွေဆီက သိရပါတယ်။

    ဝယ်ယဟိုင်း ရွာကိုစစ်ကြောင်းထိုးခဲ့စဥ်က မင်းတို့မှတ်မိမှာပါ

    အပြစ်မရှိတဲ့ပြည်သူပေါင်းများစွားဖမ်း အနိုင်ကျင့် ငွေယူ ဖုန်းယူ

    ငါ့ကွင်းမှာ ခနလာပျော်ရပီး မင်းတို့ကအဟုတ်မှတ်နေကြတာ

    ရေးမြို့က မင်းတို့ကိုးကွယ်တဲ့အဘတွေတောင် ခေါင်ထောင်ရဲလား မေးကြည့်

    ဒါပညာပေး အခန်း ( ၁ ) ပဲရှိသေးတယ်

    ပြည်သူကိုအနိုင်ကျင့်ရင် နောက်နောင်ထပ်ပြောက်သွားမာ အများကြီးရှိသေးတယ်

    ငါ့နာမည်မှတ်ထား…. ရေးဘီလူး

  • ၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို

    ၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို

    အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဆောမြို့နယ် ဒေသခံများ ဆန္ဒပြတောင်းဆို

    မကွေးတိုင်း၊ ဆောမြို့နယ်မှာ အသက် (၁၃)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် ဒေသခံပြည်သူတွေက မနေ့က အောက်တိုဘာ ၂၆ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

    ရုပ်သံ – Ķť Ĺĩng Ņaĭng

  • ပေါ်တင်ကြီးတွေတော့ ဇွတ်မ မ ကြနဲ့ကွာ။

    ပေါ်တင်ကြီးတွေတော့ ဇွတ်မ မ ကြနဲ့ကွာ။

    ပြည်တွင်းကအနုပညာသမားများသို့
    ပေးစာ

    မင်းတို့ကို ငါ တခွန်းပဲမေးချင်တာပါ။
    ငါ့တို့ပြည်သူတွေရဲ့ ရွာတွေ စ-စ်တပ်ကမီးရှို့လို့ပြာကျသွားခဲ့တာတွေက
    မဟုတ်တာကို AI နဲ့လုပ်ပြီး
    ပြာမကျတာကို ပြာကျတယ်
    တိုက်ပွဲမဖြစ်တာကို တိုက်ပွဲဖြစ်တယ်လို့
    ဟန်ဆောင်လိမ်လည်ပြောနေတာလို့ စ-စ်တ-ပ်ကပြောပြထားတဲ့အတိုင်း တကယ်ထင်နေကြတာလား။

    လာခဲ့စမ်းပါကွာ
    ဖြူးတဝိုက် ညောင်လေးပင်တဝိုက် ပုဇွန်မြောင်းတဝိုက်
    မင်းတို့နဲ့နီးနီးလေးက ပြည်သူတွေဘဝတွေကို မျက်မြင်ဖြစ်အောင်လိုက်ပြချင်တယ်။
    အမြန်လမ်းဟောင်းပေါ်အထိထွက်ကြိုပေးလို့ရတယ်။

    မင်းတို့လာရမှာကြောက်နေရင် ငါ့မက်ဆင်ဂျာကနေ
    အခြေအနေလေးတွေမေးလို့ရပါတယ်။

    အပိုစကားတွေ မပါ
    အရှိတရားတွေကို ဘက်မလိုက်စတမ်း
    ချစ်ခြင်းမုန်းခြင်းမပါ
    အမှန်အတိုင်း ကိုယ်ချင်းစာစိတ်နည်းနည်းလေးဝင်သွားအောင် ငါ ပြောပြချင်တယ်။

    ကိုပေါက်နဲ့ဆက်သွယ်တာမိသွားလို့
    “အဖမ်းခံရရင် ဘယ်လိုလုပ်မလဲတို့”
    “ငတ်နေရင်ဘယ်သူက လာကျွေးမှာလဲ နင်တို့ကျွေးထားမှာလားတ်ို့”
    “နီးရာဓား ကြောက်ရတယ်လေတို့”
    “နှစ်ဘက်လုံးကြောက်နေရတာတို့”
    “အနုပညာသမားကဘယ်အစိုးရဖြစ်ဖြစ်ပူးပေါင်းရမှာပဲတို့”
    ပြောကြအုံးမယ်။
    ဘယ်သူအုပ်ချုပ်အုပ်ချုပ် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ အတွေးအခေါ်ခပ်ညံ့ညံ့တွေနဲ့ အနူတောမှာ လူချောလုပ်ကြအုံးမှာ။
    နီးရာဓားကြောက်နေရတာလည်း ငါတို့သိပါတယ်။
    အခုမင်းတို့ရွေးချယ်လိုက်တာ လူမှန် အဖွဲ့ကြီးပေါ့

    စ-စ်တပ်ထဲ အခုရုပ်ရှင်ရ်ုက်နေတဲ့ကောင်တွေက
    -ရုပ်ရှင်အကြောင်း စနစ်တကျဘာမှမတတ်တဲ့ကောင်တွေ
    -ဇာတ်ညွှန်းဆိုတာ စကားတွေကိုတောင့်တောင့်ကြီးရပ်ပြီး
    ပြောရတဲ့အရာလို့လောက်ပဲသိထားတဲ့ကောင်တွေ
    -ဝတ္ထုစာအုပ်က စာတွေကူးချရတာကို ဇာတ်ညွှန်းတတ်နေပြီထင်တဲ့ကောင်တွေ
    -ဒီနေ့အချိန်ထိ ပြဇာတ်ထဲက လူတွေရပ်သလို အတန်းလိုက်ရပ်ဖို့၊နေရာချတာလောက်ပဲသိတဲ့ကောင်တွေ
    ချပေးတဲ့ ဒိုင်ယာလော့ကို လိုက်ပြောနေကြရတဲ့မင်းတို့
    တွေရဲ့ ခေါင်းတွေထဲမှာ အာဏာသိမ်းထားတာကြီးက
    အမှန်တရားလို့ ထင်နေတာလား။
    -နောက်ကွယ်ကနေ ခိုးရိုက်ပေးနေတဲ့ အရှက်မရှိကောင်တွေကရှိသေးတာ။
    -မမေစုခေတ်မှာ အမေစုတောင် သူ့လောက် NL မဒီဘူး

    အခုလို စကမရွေးကောက်ပွဲအတွက်
    ရှေ့ထွက်ရပ်ပြလိုက်တာဟာ
    အာဏာသိမ်းတဲ့နေ့ကစလို့ ဒီနေ့အထိဗုံ-းကျဲ သ-တ်ဖြ-တ်
    မီ-း ရှိ-ု့နေတာတွေ အကုန်လုံးဟာ မှန်တယ် ထောက်ခံတယ် ဆက်လုပ်ပါ ကျနော် ကျမတို့အတူတူရှိနေပါတယ်လို့
    တရားဝင် ခိုးထုတ်ခိုးထည်နဲ့ ချပြလိုက်တာပဲ။

    မင်းတို့ကိုအားပေးဝန်းရံခဲ့တဲ့ ပရိသတ် ပြည်သူတွေကို
    မင်းတို့က
    ထပ်ပြီးသ-တ်ပေးပါ
    မီ-းဆက်-ရှို့ပါ
    ဗုံ-းတွေထပ်ပြီးများများလေးကျဲပေးပါလို့
    တရားဝင်လူသိရှင်ကြား ထောက်ခံလိုက်တာပဲ။

    NLD မဲဆွယ်တော့လဲ မင်းတို့တွေပဲ
    ဘတ်စကားကြီးအပေါ်မှာ
    ငါတို့တွေ အနားလာကပ်မှာစိုးလို့ ကြောက်နေကြတာ။
    ပင်နီတိုက်ပုံတွေကြား တရုန်းရုန်းနဲ့ ကြည့်လိုက်ရင်
    မင်းတို့တွေပဲ။

    စကမ မဲဆွယ်တော့လဲ မင်းတို့တွေပဲ
    အဘ အဘ နဲ့မင်းတို့ပဲ စင်မြင့်တွေအပေါ်မှာ။

    တချိန်ကျရင် ဂုဏ်ပြုမှတ်တမ်းတွေကိုင်ပြီး မျက်ရည်ခြူ
    ဒိုင်ယာလော့တွေနဲ့ ဒရမ်မာstory တွေ ကိုယ်စီထမ်းပြီး
    အရှက်မရှိလာကြအုံးမယ် အကွက်တွေလည်း ငါမြင်ထားပါတယ်။

    ငါတို့ကတော့ မင်းတို့တွေအပေါ် ချစ်ခြင်း မုန်းခြင်း
    မရှိတာကြာပါပြီ။
    အခုလည်း ချစ်ခြင်းမုန်းခြင်းမရှိပါဘူး။

    အဆင်ပြေသလိုနေကြပါစေလေ။
    သူတို့လည်း ငဒူ ငအ တွေမှအဟုတ်တာ
    ထောက်ပို့မှတ်တမ်းတွေ ကိုယ်စီစုထားကြမှာပါလို့
    ဖြည့်တွေးပေးထားတာ ကြာလှပါပြီ။

    မင်းတို့က ပိုလည်ကြပါတယ်။
    နှစ်သီးစားနှစ်ဘက်ချွန်တွေပဲ။
    ငါတို့ကသာ ငအတွေပါ။
    မင်းတို့က အလုပ်မပျက် အထိုင်မပျက် အပျော်မပျက်
    ဘဝမပျက် သာသာယာယာလမ်းကိုရေံးတတ်ကြတာ။

    ငါတို့ကလည်း မင်းတို့လို လုပ်လို့ရတာသိတာပေါ့ကွာ။
    မသိဘဲနေပါ့မလား။
    ငါတို့က ရှက်လို့ကို မလုပ်ခဲ့တာ။
    ပြန်ကြားရေးက လူကြီးတွေ ငါ့မိန်းမကနေတဆင့် ငါ့လာညှိကြတာပဲ။
    ပွဲစားမန်နေဂျာတွေ
    ပရိုကျူဆာတွေ
    ငါလက်မခံခဲ့ဘူး။
    ခါးခါးသီးသီးငြင်းခဲ့တာ။

    မင်းတို့လို လူပုံအလည်မတ်တပ်ရပ် ကားခေါင်မိုးပေါ်တက်မိုက်ကိုင်ပြီး လည်ပင်းကျောထောင်ပြီး အသံတွေဝင်အောင်လည်း ရဲရဲတောက်တော်လှန်ရေးမိန့်ခွန်းတွေပြောခဲ့တာရှ်ိလား ရှာကြည့်လိုက်။

    စောက်ပိုတွေငါတို့မလုပ်ချင်ဘူး။
    ဘယ်ကောင် ဘယ်ကောက်မတွေ ဇ မရှိဘူးဆိုတာလည်းသိတယ်။
    စောက်ပိုတွေ လုပ်နေကြပြန်ပြီဆိုတာလည်း ငါကကြိုသိနေတယ်။

    ဒီနေ့ ဒီအချိန် ဒီလိုအခါမျိုးမှာ မင်းတို့တွေ အနေအထိုင်တတ်ရင်ကို ငါတို့ကကျေးဇူးတင်တာမျိုး။
    ငါတို့ဘက်က အနုပညာသမားအချင်းချင်းဆုံရင်ပြောဖြစ်ကြပါတယ်။
    ဘယ်သူ ဘယ်လိုနေနေတာလေးတော့ ဘဝင်ကျတယ်ကွာတို့ ဘာတို့ပေါ့။
    ရှာကြံပြီးကျေးဇူးတင်နေတာမျိုး။
    တချို့ကတော့ ခါးခါးသီးသီး လက်မခံကြတဲ့သူတွေကိုလည်း မဆန့်ကျင်ပါဘူး။
    သူ့အနာနဲ့ သူကိုး။

    တလရအတွက် ကိုယ်လုပ်သလိုမလုပ်နိုင်တာ
    မပါဝင်နိုင်တာတွေကို နားလည်ပေးထားပါတယ်။
    မင်းတို့ကြောက်နေမှာပဲလေ လို့ဖြည့်တွေးပေးထားခဲ့ကြတာ။ကြိတ်ပြီးထောက်ပို့လုပ်နေရင်ကို တော်ပါပြီလေလို့
    ငါတ်ို့က တချို့တွေလာလာမေးရင်တောင် ဖြစ်နိုင်ခြေတွေပြောပြပေးတယ်။
    ကိုယ်မမြင်တာပဲရှိမှာ လုပ်နေမှာပဲလေလို့တွေးပေးခဲ့တာ။

    အဖမ်းခံရမှာ မင်းတို့ကြောက်သလို ငါလည်းကြောက်တယ်
    စီးပွါးပျက်မှာ မင်းတို့ကြောက်သလို ငါလည်းကြောက်တယ်
    မိသားစုနဲ့ကွဲမှာမင်းတို့ကြောက်သလိုငါလည်းကြောက်တယ်။
    ဒီလိုအခြေအနေမှာ ပြည်သူနဲ့အတူတူမရပ်တည်ပဲ
    ငါ့ အဖမ်းမခံရဖို့
    ငါ့စီးပွါးမပျက်ဖို့
    ငါမသေဖို့လောက်ပဲတွေးပြီး ကိုယ့်တကိုယ်စာပဲကြည့်ဖို့
    ငါတို့ စိတ်တွေအဆင်သင့်ဖြစ်မနေဘူး။

    ငါတို့ မင်းတို့အောင်မြင်လာတာ
    တနိုင်ငံလုံးကပြည်သူတွေက
    အားပေးလို့ ဖြစ်လာကြတာ မဟုတ်ဘူးလား။

    မင်းတို့ကို စစ်သားမိသားစုတွေ၊ဘောမတွေ၊ကြံ့ဖွတ်တွေ၊မဘသတွေကပဲ အားပေးခဲ့ကြတာမဟုတ်ဘူး။
    မင်းတို့ကိုအားပေးခဲ့တဲ့အမာခံတွေထဲမှာ
    စကစမီးရှိ့လို့ နေစရာအရှိတော့တဲ့ အညာသူအညာသားမိသားစုတွေအများကြီးပါတယ်။
    တောထဲမှာ လေယာဉ်ဗုံးလာကျဲလို့ေ-သသွားတဲ့ ကလေးလေးတွေရဲ့မိဘတွေပါတယ်၊
    တောထဲမှာ ခြေပြတ်သွားတဲ့ရဲဘော်တွေပါတယ်။
    မျက်လုံးထွက်သွားတဲ့ကျောင်းဆရာတွေပါတယ်။
    ကြိုးပေးခံလိုက်ရတဲ့ ရဲဘော်ရဲဘက်တွေပါတယ်။
    သစ်ပင်မှာ အရှင်လတ်လတ်စကစက မီးရှို့သ-တ်လို့ေ-သသွားခဲ့တဲ့ ညီလေးတွေပါတယ်။
    အများကြီးပဲ။
    တကယ့်ကို အများကြီး။

    ငါတို့က တလရလုပ်လို့
    ထူးကဲပြီးနာမည်ထူထောင်စရာမလိုဘူး။
    နဂိုကတည်းက
    အောင်မြင်ပြီးသားအနုပညာသမားတွေများတယ်။
    တော်လှန်ရေးလပ်တာ
    မျှော်လင့်ချက်တော့ရှိတယ်။
    တခြားတော့ မဟုတ်ဘူး။
    စစ်အာဏာရှင်မရှိရင် ငါတို့အားလုံး ဒီထက်ပိုပြီးပြည်သူ့ဘဝလုံခြုံမယ်၊အနာဂတ်အေးမယ်။
    ကိုယ်နှစ်သက်တဲ့အနုပညာတွေကို ဖိနှိတ်မှုကင်းကင်းနဲ့
    လွတ်လွတ်လပ်လပ်ဖန်တီးနိုင်မှာဆိုတဲ့ မျှော်လင့်ချက်။
    အဓိကမျှော်လင့်ချက်က “ပြည်သူ့ဘဝအနာဂတ်အေးဖို့”

    ငါတို့လုပ်တဲ့ တလရ က ချစ်ခြင်း၊မုန်းခြင်းမပါဘူး။
    စိတ်ခံစားမှုကို အခြေမခံဘူး။
    စနစ်မကောင်းတာကိုပဲ ကောင်းအောင်လုပ်ကြဖို့
    ဝန်းရံပါဝင်တာ။
    စစ်သားတွေ အကုန်လုံးက မကောင်းနေတာမဟုတ်ဘူး။
    တချို့ သဘောထားပျော့ပြောင်းတဲ့သူတွေ အမှားအမှန်သိတဲ့သူတွေရှိတယ်။ရုန်းမရ ထွက်မရ ပြောမရ ဆိုမရလို့
    ဒီအတိုင်းနေနေရတဲ့သူတွေ အများကြီးရှိတယ်။
    စစ်တပ်က နိုင်ငံအတွက်လိုတာပေါ့။
    ငါတို့လည်းလိုချင်တယ်။
    ငါတို့လိုချင်တဲ့ စစ်သားက ပြည်သူကိုကာကွယ်ပေးမယ့်စစ်သား၊ပြည့်သူ့မျက်နှာကိုပဲကြည့်တဲ့စစ်သား၊
    အချုပ်အခြာအာဏာကို ကာကွယ်စောင့်လျှောက်ပေးမယ့်စစ်သားမျိုးလိုချင်တာ။

    နိုင်ငံ့စီးပွါးရေးကို လက်ဝါးကြီးအုပ်
    ဆွေစဉ်မျိုးဆက်ချမ်းသာဖို့ အကုန်ခိုးထုတ်
    ပြည်သူကိုအနိုင်ကျင့် ဗိုလ်ကျနေတဲ့ သူတွေတော့ မင်းတို့ရောလိုချင်မလား။
    ငါတို့ ဒီလိုလူတွေ မလိုချင်ဘူး။
    ပြည်သူကိုချစ်တဲ့ စစ်တပ်။
    ပြည်သူက တန်ဖိုးထားပြီးချစ်ရတဲ့ စစ်သားတွေလိုချင်တာ။

    တကယ်လို့များ ငြိမ်းချမ်းပြီးတဲ့တနေ့ PDFတွေကတပ်မတော်သားတွေဖြစ်လာကြတဲ့အခါ သူတို့ကပြည်သူက်ို
    မတရား အနိုင်ပြန်ကျင့်လာတဲ့အခါ ငါတို့မသိချင်
    ယောင်ဆောင်နေမယ်လို့ မထင်နဲ့။
    အသက်တွေကြီးလာရင်တောင် ထိပ်ဆုံးက အလံကိုင်ပြီး
    အကျင့်ပျက်နေမယ့်PDFစစ်သားတွေကိုပြန်ဆန့်ကျင်ဦးမှာ။

    ငါတို့က တာဝန်ကျေတဲ့ ပြည်သူပဲဖြစ်ချင်တာ။
    နိုင်ငံရေးသမားလဲလုပ်မှာမဟုတ်ဘူး။
    အနုပညာပဲ အေးအေးဆေးဆေးလုပ်မှာ။
    မင်းတို့ငါတို့အနုပညာတွေကို သူတို့အောက်မှာ ဘယ်တုန်းကများ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရခဲ့လို့လဲ။
    ပြန်စဉ်စားကြည့်စမ်းပါ။

    မင်းတို့မျက်လုံးတွေကန်းသွားကြပြီလား
    မင်းတို့နားတွေပင်းသွားကြပြီလား
    မင်းတို့နှလုံးသားတွေ အမှိုက်ပုံဖြစ်သွားကြပြီလား
    မင်းတို့ဦးနှောက်တွေချေးဖြစ်သွားကြပြီလား
    ဒါဆိုရင်တော့ ငါမပြောတော့ဘူး။

    စ-စ်တပ်ဟာ မင်းတို့ရဲ့ အားနည်းချက်တွေအကုန်လုံးကို
    ကိုင်ထားတယ်ဆိုတာမမေ့နဲ့။

    စင်ပေါ်တင်ပေးနေတာလည်း အကောင်းမထင်နဲ့။

    ပွဲထုတ်နေလို့ ဘဝင်မမြင့်နဲ့။

    မင်းတို့ မင်းတို့က သူတို့ရဲ့အာဏာတည်မြဲရေးမှာ
    ထုတ်သုံးနေတဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေပဲ။
    ဘုရင်ကြီးနဲ့ဘုရင်မ ကိုကာကွယ်ဖို့ နယ်ရုပ်တွေ ဘယ်လောက်ထိုးကျွေးရမလဲ သူတို့ကမှု့နေမှာမဟုတ်ဘူး။

    သုံးစားမရရင် ဖြစ်ဖြစ်
    အံမဝင်တော့ရင်ဖြစ်ဖြစ်
    ထိုးကျွေးမယ် ကန်ထုတ်မယ် ရှင်းပစ်မယ်။

    ရှေ့က မိန်းမနှစ်ယောက် နမူနာရှိတယ်။

    မင်းတို့တွေက သူတို့နဲ့ပူးပေါင်းပေးခဲ့လ်ို့ဆိုပြီး လုံခြုံရေးအပြည့်ပေးလိမ့်မယ်လို့မထင်နဲ့။

    သူတို့ ခေါင်းဆောင်တွေတောင် ဂျန်ပါကြီးတကားကားနဲ့ သွားနေရတာ မင်းတို့အမြင်ပဲ။

    ငါတို့ဘက်ကို မင်းတိုက လတ်တလောအခြေအနေအရ အထင်သေးနေတာလား။
    ဒါမှမဟုတ်
    ပြည်သူကို ဂရုမစိုက်တာလား။
    ငါတို့က ချစ်ခြင်း မုန်းခြင်းမရှိပေမယ့် ပြည်သူကမင်းတို့ကို
    အသည်းစွဲအောင်မှတ်သွားကြပြီ။
    ငါက အခုအချိန်ထိ တချို့အနုပညာသမားတွေကို
    လက်ကျန်သံယောဇဉ်နဲ့ စည်းရုံးရေးလုပ်နေမိတာ။
    ငါတို့သွားတဲ့မူက
    “တော်လှန်ရင်း စည်းရုံး၊စည်းရုံးရင်း တော်လှန်”။
    ရန်သူကိုတောင်မိတ်ဆွေဖွဲ့ရသေးတာ။
    တချို့ကိုယ့်လူတွေက ရန်သူမှမဟုတ်သေးတာ။
    ကိုယ်ဘက်ပါအောင်စည်းရုံးမယ်ပေါ့။
    နောက်ဆုံးထောက်ပို့ပဲ လုပ်လုပ်ပေါ့လေဆိုတဲ့ အတွေးနဲ့။

    ငါအမြဲပြောနေကျစကားရှိပါတယ်။
    မသောက်မိသော မိုးခါးရေဇာတ်ကားထဲက ဒိုင်ယာလော့ဒ်

    “ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ”ဆိုတာ။

    လောကမှာ
    “ဘယ်အရာမှ ပုံသေမရှိဘူး”ဆိုတာ မင်းတို့သိပါတယ်။

    ပြည်သူ့ဒုက္ခကို ကိုယ့်ဒုက္ခလို့ မတွေးတတ်သ၍
    ပရိသတ်အပူကို ကိုယ့်အပူလို့ မမျှဝေတတ်သ၍
    ကိုယ့်ဒါဏ်ရာကိုပဲ အနာလို့ထင်နေသ၍
    အရိပ်ထဲမှာရပ်နေပြီး နေက မပူပါဘူးလို့တွေးနေသ၍
    မင်းတို့ လူ မဟုတ်ဘူး ။

    ငါအရင်က မင်းတို့ကို မျှတွေးပေးခဲ့တယ်။
    အခုပြည်သူက ငါ့လို မျှတွေးပေးမှာမဟုတ်တော့ဘူး။
    သူတို့က ငါတို့ထက်မင်းတို့ကို ပိုနာသွားကြပြီ။

    နောက်လူတွေရော အခုလူတွေရော
    မင်းတို့ကို ငါတို့ကအများကြီးမတောင်းဆိုပါဘူး။
    ပြတ်ပြတ်သားသားရပ်ရမယ့်အချိန်တော့ရောက်လာခဲ့ပြီ။
    မရပ်နိုင်သေးရင်တောင်

    “နှာစေးပေးနေရင်ကို ရပါပြီ”

    ပေါ်တင်ကြီးတွေတော့ ဇွတ်မ မ ကြနဲ့ကွာ။

    ကိုပေါက်

    ခေတ္တလူ့ပြည်