လက်ရှိ KK Park 1 နှင့် KK Park 2 ဟုဖြင့် ပြောင်းလဲဖွဲ့စည်းထားသော အဆိုပါ KK Park ငွေလိမ်ခြံဝန်း၏ မြေနေရာကို တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများက မြန်မာစစ်အုပ်စု ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထံမှ ငှားရမ်းခဲ့ခြင်းဖြစ်သည်။
KK Park တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှသာ အလုံးအရင်းနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ၊ ၁၀လအတွင်း အဆောက်အဦးသစ် အလုံးပေါင်း ၂၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကို ဂြိုလ်တုဓါတ်ပုံများမှတဆင့် မြင်တွေ့နိုင်သည်ဟု Justice For Myanmar က သတင်းထုတ်ပြန်ခဲ့သည်။
မြ၀တီမြို့နယ်တွင် အွန်လိုင်းကျားဖြန့်များ အခြေစိုက်သည့် ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းများစွာကို BGF က ဦးဆောင်၍ တရုတ်စီးပွား ရေးသမားများ၊ပြည်ပ ဒုစရိုက်ဂိုဏ်းများနှင့်အတူ တွဲဖက်အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။